ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: ဂျပန်ကီမိုနိုလေးများ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Wednesday, July 15, 2009

ဂျပန်ကီမိုနိုလေးများ

ဂျပန်က ကီမိုနိုဝတ်စုံလေးများ

ဂျပန်ရိုးရာဝတ်စုံကတော့ ကီမိုနိုပဲဖြစ်ပါတယ်။ ကီမိုနိုဝတ်စုံမှာ ဒီဇိုင်းအမျိုးမျိုးရှိသလို ၊တန်ဖိုးလဲ အမျိုးမျိုးရှိပါတယ် ။ မြန်မာငွေနဲ့တွက်ရင် သိန်း ၃၀၀ ကျော်တန်လောက်က နေ ကျပ် ၃သောင်းတန် လောက်အထိ အမျိုးအစား အမျိုးမျိုးရှိပါတယ် ။ အခုဆိုလို့ရှိရင် လျှပ်စစ်မြို့တော်လိုနေရာမျိုးမှာရှိတဲ့ Duty Free လျှပ်စစ်ဆိုင်တွေမှာတောင် ကီမိုနိုဝတ်စုံလေးတွေကို နိုင်ငံခြားသားတွေ ဂျပန်ပြန်လက်ဆောင်အဖြစ်ဝယ်နိုင်အောင် ရောင်းချနေတာကိုတွေ့ရပါတယ် ။ ဂျပန်ကီမိုနိုလေးတွေကို လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ် -
ဒါကတော့ ယန်း 289000 ၊ မြန်မာကျပ်နဲ့ဆို သိန်း(၃၀)လောက်တန်တဲ့ ကီမိုနိုဝတ်စုံလေးပါ-
ကီမိုနိုဆိုင်လေးတွေရှေ့က ကြော်ငြာလေးတွေပါ-
ဒါက ယန်း 400000 ၊ မြန်မာကျပ် သိန်း ၄၀လောက်တန်တဲ့ ကီမိုနိုဝမ်းဆက်လေးပါ-







သြော် မြန်မာပြည်က မိတ်ဆွေတွေက ကြုံကြိုက်တိုင်းမှာကျတယ် ၊ ဂျပန်က ပြန်လာရင် ကီမိုနိုလက်ဆောင်ဝယ်ခဲ့ပါတဲ့ ။။ အင်း ................. ရတဲ့ လစာလေးနဲ့ ပေးရမဲ့ မိတ်ဆွေ၊သင်္ဂဟအရေအတွက်နဲ့ တွက်စစ်လိုက်တော့ ................
ကျေးဇူးတင်ပါတယ် ခင်ဗျား။




1 comment:

  1. ညီလေး အစ်ကို မမှာရသေးဘူးနော်. မှာဖို့တောင် တွန့်သွားတယ်. အလကား စ တာပါ. အစ်ကို နားလည်ပါတယ်. ဒါပေမယ့် မင့်အစ်မဖို့ ဈေးအသက်သာဆုံး တစ်စုံတော့ ၀ယ်ထည့်ပေးလိုက်ပါ. ကွန်ပြူတာဖိုးရယ်. အဲဒီအဖိုးရယ်. အစ်ကိုပေါင်းပြီး ညီ ပေးခိုင်းတဲ့သူဆီကို ပေးပါမယ်.

    ReplyDelete

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်