ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: ဗုဒ္ဓဝင်အကျဉ်း

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Wednesday, July 29, 2009

ဗုဒ္ဓဝင်အကျဉ်း

ဘုရားရှင်ကိုယ်တော် မြတ်ကြီး၏ ဗုဒ္ဓဝင်အကျဉ်း အား ပူဇော်တင်ဆက်အပ်ပါသည်-

(က)ရသေ့ဖြစ်ခြင်း
သုမေဓါရသေ့ဘဝ မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများဘာမျှယူမသွားနိုင်သောကြောင့် လူတွေသေဆုံးလို့  ဘာမျှပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင်ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာအားလုံး စွန့် လွှတ်လှူဒါန်းပြီး ရသေ့ဘဝပြောင်း တရားကျင့်ခဲ့သည်။

(ခ)ဆန္ဒာဓိပတိ
ဘုရားအလောင်းသုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ ပြီး နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တဝါ များအား လမ်းညွှန်(ကယ်တင်) လိုသော ဆန္ဒာဓိပတိ ကြောင့်သာလျှင် ဘုရားဆုပန်လေသည်။ (ကိုယ့်အတွက်မကြည့်၊အများအကျိုးအတွက်သာ ဆောင်ရွက်လိုသောဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)

(ဂ)ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲကမ္ဘာမတိုင်မီအရှေ့ လေးသင်္ချေကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာ ဘုရားရှင်၏ခြေတော်ရင်း၌ သုမေဓာ ရှင်ရသေ့ဘဝကစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။
(တစ်ကမ္ဘာသည် မရေမတွက်နိုင်အောင်ကြာလှပြီး သင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်။)

(ဃ)ပါရမီ(ဆယ်ပါး-အပြားသုံးဆယ်)
၁။ဒါန-ပေးလှူခြင်း
၂။သီလ-ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။နေက္ခမ္မ-ကိလေသာတောမှ ထွက်ခြင်း
၎။ပညာ-အကြောင်းအကျိုးဆင်ခြင် ထိုးထွင်းသိခြင်း
၅။ဝီရိယ-အားစိုက်ကြိုးစား လုံ့ လရှိခြင်း
၆။ခန္တီ-သည်းခံခြင်း
၇။သစ္စာ-ဖြောင့်မတ်/ မှန်ကန်ခြင်း
၈။အဓိဋ္ဌာန်-အဓိဋ္ဌာန်တည်ဆောက်ခြင်း ၊ ပြတ်သားသောဆန္ဒ
၉။မေတ္တာ-စင်ကြယ်သောချစ်ခြင်း
၁၀။ဥပေက္ခာ-လျစ်လျူရှုခြင်း /အသင့်အားဖြင့်ရှုခြင်း
-မူလပါရမီ(၁၀)ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊သားမယားပါမကျန်ဖြည့်ခြင်း)
-ဥပပါရမီ(၁၀)ပါး
(စည်းစိမ်+ဇနီး ၊သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်းပါဝင်ဖြည့်ခြင်း)
-ပရမတ္ထပါရမီ(၁၀)ပါး
(အသက်ကိုပါမကျန်ဖြည့်ခြင်း)

(င)ပါရမီဖြည့်ပုံ
(၁)ကြာမြင့်လှစွာသောအချိန်
(၂)မရပ်မနား
(၃)ချန်မထားပဲ
(၄)ရိုရိုသေသေ
(၅)ပျော်ပျော်ကြီးဖြည့်

(စ)တိတိကျကျသေသေချာချာပွင့်တော်မူခြင်း
(၁)ပါရမီဖြည့်တာ တိကျသေချာ
(၂)မွေးဖွား နှစ၊် လ၊ ရက်(မဟာသက္ကရာဇ်-၆၈(BC 623) ၊ကဆုန်လပြည့်၊သောကြာနေ့ )
BC(Before the birth of Jesus Christ)(ခရစ်တော်မပေါ်မီ)AD(Anno Domini=after the birth of Jesus Christ)(ခရစ်တော်ပေါ်ပြီး)(ယခုသုံး)(BC 623+AD 2008)=2631ဘုရားရှင်မွေးဖွားသောခုနှစ်မှာBC 623ဖြစ်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း၂၆၃၁ က ဘုရားရှင်မွေးဖွားခဲ့သည်။
(၃)မိဘနှစ်ပါး(သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာဒေဝီ)
(၄)မွေးဖွားရာနေရာ(အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီ ဥယျာဉ်)
(၅)လူသားအစစ်ဖြစ်ခြင်း
(၆)မွေးဖွားခြင်းဘုရားမဖြစ်၊ကျင့်ပြီးမှဖြစ်(ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်။)
(၇)ဘုရားဖြစ်သောရက်တိကျသေချာ(မဟာသက္ကရာဇ်-၁၀၃၊(BC 588)
ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့ )
BC 588+(AD)2008=2596

လွန်ခဲ့သောနှစ်ပေါင်း၂၅၉၆ ကဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ခဲ့သည်။
ပရိနိဗ္ဗာန်စံသည့်နေ့ -မဟာသက္ကရာဇ်-၁၄၈၊(BC 543)၊ကဆုန်လပြည့်၊အင်္ဂါနေ့ ။
BC 543+2008=2551
လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၁ ကဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။

ဘုရားရှင်၏ ဗုဒ္ဓဝင်အကျဉ်း အား အာရုံပြု ကြည်ညိုနိုင်စေရန် ပူဇော်တင်ဆက်ပါသည် ။

No comments:

Post a Comment

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်