ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: ကမာကူရသို့(၁)ခေါက်

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Wednesday, July 15, 2009

ကမာကူရသို့(၁)ခေါက်

ကမာကူရသို့(၁)ခေါက်
ဂျပန်ကိုရောက်ပြီး (၈)လအကြာ မှတ်မှတ်ရရ ပြည်ထောင်စုနေ့ (12-2-2009)ရက်နေ့မှာ အခါအခွင့်သင့်လို့ ဂျပန်နိုင်ငံမှာ ထင်ရှားတဲ့ ကမာကူရဆင်းတုတော်ကြီးကို မိသားစုလိုက် ဖူးမျှော်ခွင့်ကြုံခဲ့ပါတယ် ။ဘုရားသမိုင်းအကျဉ်းကိုလည်းလေ့လာခွင့် ရခဲ့ပါတယ်။သမိုင်းအကျဉ်းကတော့-
ဘုရားကြီး ကို ၁၂၈၃ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပြီး သစ်သားနဲ့ဆောက်လုပ်ခဲ့တာ (၅)နှစ်အကြာမှာ ပြီးစီးခဲ့ကြောင်း ၊ တခါပြန်လည်ပြီး သံနဲ့တည်ထားကိုးကွယ်ကြောင်း ၊ ဥာဏ်တော် (၁၁)မီတာ ၊ အလေးချိန်(၁၂၁)တန်ရှိပါတယ် လို့ ဘုရားသမိုင်းမှာ ဖတ်ရှုလေ့လာခဲ့ရပါတယ် ။ ဂျပန်နိုင်ငံရဲ့တတိယမြောက် ဆင်းတုတော် တို့လည်း မှတ်သားခဲ့ရပါတယ် ။ ထူးခြားတာလေးတွေကတော့
(၁) ဘုရားကြီးအတွင်း မည်သူမဆို ၀င်ကြေးငွေတစ်ဦးလျှင် ဂျပန်ယန်း(၂၀၀)ပေးပြီးမှ
ဝင်ခွင့်ရခြင်း။
( မြန်မာပြည်မှာတော့ ဘုရားဝင်ကြေးရယ်လို့မရှိပါဘူး)။
(၂) ဘုရားကြီးကို ပြတိုက်သဖွယ်သာ သဘောထားကြခြင်း။
(၃) ဘုရားကြီးအတွင်း ဖိနပ်စီးခွင့်ပြုထားခြင်း။
(၄) ဦးခေါင်းတော်အတွင်းအထိ အမျိုးသမီးများပါ ၀င်ရောက်ဖူးမျှော်ခွင့်ရခြင်း။ တို့ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ မြန်မာမိသားစုတွေပဲ ခြေ၊လက်၊နဖူး၊တတောင်၊ဒူး ဆိုတဲ့ ထိခြင်းကြီးငါးပါးနဲ့ ထိုင်ပြီး အားပါးတရ ကန်တော့ကြတာကို အားလုံးက တအံတသြ ၀ိုင်းငေးနေကြတာကိုကြုံခဲ့ရပါတယ်။

No comments:

Post a Comment

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်