ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: တရားအသိမျှဝေခြင်း(၂)

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Wednesday, July 15, 2009

တရားအသိမျှဝေခြင်း(၂)

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ
ရေချမ်းသစ်သီး ၊ ပန်းဆီမီးကိုခိုင်ဖြီးသဒ္ဓါ ၊
လှူပြီးကာမျှငါ့မှာကောင်းကျိုး ၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ ၊ မရောင့်ရဲနှင့်။
မစဲညနေ့ ၊ ဘုရားရှေ့တွင်ပျော်မွေ့မြတ်နိုး ၊
မြဲရှိခိုး၍ကောင်းကြိုးပွားစည် ၊
ကြီးလှပြီဟုယုံကြည်အားရ ၊ စိတ်မချနှင့်။
ဓါရဏနှင့် ၊ ဓမ္မစင်္ကြာမေတ္တာပဋ္ဌာန်း ၊
ရွတ်နိုင်စွမ်းကြောင့်ရွှင်လန်းပီတိ ၊
ဂွမ်းဆီထိကာကြီးမည့်တေဇော် ၊
မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး ၊ သက်စေ့ပြီးအောင်ဇွဲကြီးခိုင်မာ ၊
ငြိမ်သက်စွာဖြင့်သဒ္ဓါကြည်ယုံ ၊
စိပ်ပြီးရုံဖြင့်လုံလောက်လှပြီ ၊
မရပ်တည်နှင့်။
ရေကြည်၊ သစ်သီး ၊ ဆီမီး၊ လှူမျိုးရှိခိုးဝတ်ရွတ် ၊
စေလွှတ်မေတ္တာတစ်ရာ့ရှစ်သီး ၊
စိပ်ပုတီးကိုမငြီးဆင့်ကဲ ၊
စိပ်မြဲစိပ်ပါမဖြတ်ပါနှင့်။
ဆက်ကာတမျိုး ၊ ရှေ့သို့တိုး၍အကျိုးနိဗ္ဗာန် ၊
မျှော်ရိုးမှန်က ရုပ်နာမ်ခွဲခြား ၊
ကျင့်တရားသာသံသရာဝဋ် ၊
လွတ်ထွက်စေကြောင်းလမ်းမှန်ကောင်းဟု ၊
ညွတ်ပြောင်းစိတ်ထဲယုံကြည်စွဲလျက်
၊ အမြဲညနေ့ဝိပဿနာ ၊
ဘာဝနာကိုခိုင်မာဆန္ဒ ၊
ကြိုးလုံ့လမှဗုဒ္ဓခေတ်မြတ် ၊ တွေ့ကြိုးနပ်မည်ကြပ်ကြပ်သတိရှိပါစေ။ ။
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၏ ရဟန်းဘာ့ကြောင့်ပြုရတယ်စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

No comments:

Post a Comment

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်