ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Saturday, October 31, 2009

ပရိတ်ကြီး နိဒါန်း( မြန်မာပြန်)

ပရိတ်ကြီး နိဒါန်း
ပရိတ်ကြီး(၁၁)သုတ်အား မြန်မာလိုပါ ပွါးများရွတ်ဖတ်ပူဇော်လို သော ဓမ္မမိတ်ဆွေများအတွက် ပူဇော်တင်ဆက်အပ်ပါသည်။

၁။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

၁။ လူတို့နေထိုင်လျက်ရှိသော ဤစကြဝဠာနှင့်အတူ တွဲဖက်တည်ရှိသော ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းမှ သောင်းလောကဓာတ် နတ်မြတ်အပေါင်း တို့ ရဟန်းတို့၏မင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗ္ဗာန် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော သူတော်ကောင်း တရားကို နားကြားအံ့သောငှာ ဤ နေရာဤဒေသသို့ လာရောက်ကြပါကုန်လော့၊ လာရောက်၍ ရိုသေစွာ နာယူ ကြပါကုန်လော့။

၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။

၂။ အို သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့ ယခုအခါသည်ကား မြတ်စွာ ဘုရား၏ တရားတော်ကို နာကြားရမည့် မင်္ဂလာ အခါတော် ဖြစ်လေသည်။

၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၃။ ကျွန်ုပ်တို့သည် ပစ္စည်းလေးပါးအလှူကို ခံယူတော်မူထိုက်သော, လူသူ လေးပါး မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာ၌ ဖြစ်စေကာမူ မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ခြင်း အလျင်းမရှိသော, ဘဝသံသရာဘီး၏ အကန့် အထောက်သဖွယ် ဖြစ်စေတတ်သော အလုပ်ဟူသမျှကို ပြုလုပ်ခြင်းမရှိသော, ကိလေသာတို့ကို အပြီး သတ်ဖယ်ရှင်းပြီး မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးရပ်တရားမြတ်ကို ထိုးထွင်း သိမြင်တော်မူပြီးသော ဘုန်းတော် အနန္တ ၏အရှင် ဘုရားသခင်အား ဦးညွတ်ရှိခိုး ကြပါကုန်၏။

၎။ ယေ သန္တာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထလောကန္တရေ ဝါ၊ ဘုမ္မာ ဘုမ္မာ စ ဒေဝါ, ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ, ဝရ ကနကမယေ, မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ, မုနိဝရဝစနံ, သောတု မဂ္ဂံ သမဂ္ဂါ။

၎။ ဤစကြဝဠာ၌ လည်းကောင်း၊ ပြင်ပစကြဝဠာများ၌ လည်းကောင်း၊ နေထိုင်လျက်ရှိကြကုန်သော ကိုယ်ဣနြေ္ဒလည်းငြိမ်သက်၊ စိတ်ဓာတ်လည်း ငြိမ်သက်လျက် ရှိကြကုန်သော ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ ကျေးဇူးတို့ကို ရရှိနိုင်ရန် အမြဲတမ်းလုံ့လ စိုက်လျက်ရှိသော ဘုမ္မစိုးနတ် (မြေမှီနတ်)၊ အာကာသစိုးနတ် (ကောင်းကင် နေသောနတ်) အပေါင်းနှင့်တကွ မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ် တောင်မင်း၌ မှီတင်းနေထိုင်ကြသော နတ်သူတော်ကောင်း အပေါင်းတို့သည် သောကကင်းဝေးနေထိုင်ရေးအတွက် ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော်မြတ်ကို နာယူပန်ဆင်ရန်အလို့ငှာ တညီ တညွတ်တည်း စုဝေး ရောက်လာကြပါကုန်လော့။

၅။ သဗ္ဗေသု စက္ကဝါဠေသု၊ယက္ခာ ဒေဝါ စ ဗြဟ္မနော။ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။ သဗ္ဗေ တံ အနုမောဒိတွာ၊သမဂ္ဂါ သာသနေ ရတာ။ပမာဒရဟိတာ ဟောန္တု၊အာရက္ခာသု ဝိသေသတော။

၅-၆။ စကြဝဠာဟူသမျှ၌ ဘီလူးများ၊ နတ်များနှင့် ဗြဟ္မာများ ရှိကြကုန်သည်ပင် ဖြစ်၏။ ကျွန်ုပ်တို့သည် စည်းစိမ်ချမ်းသာဟူသမျှကို ဖြစ်ပေါ်လာစေနိုင်သည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ အသင် ဘီလူး နတ် ဗြဟ္မာတို့သည် ကျွန်ုပ်တို့ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်ကြည်နူး ကြပါ။ ကျွန်ုပ်တို့နှင့် တစ်စိတ်တစ်ဝမ်းတည်းထားကာ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်၌ မွေ့လျော် နှစ်ခြိုက်ကြပါ။ စောင့်ရှောက်ထိုက်သူ များအား စောင့်ရှောက်ကြည့်ရှုရသည့် သင်တို့၏ လုပ်ငန်းတို့ကို မမေ့မလျော့ အထူး ဆောင်ရွက်တော်မူကြပါ။

၇။ သာသနဿ စ လောကဿ၊ ဝု ဍ္ဎီ ဘဝတု သဗ္ဗဒါ။သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။

၇။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော် မြတ်ကြီးသည် လည်းကောင်း၊ လူတို့၏ ကမ္ဘာလောကကြီးသည် လည်းကောင်း ထာဝရ တိုးတက်ကြီးမြင့်ပါစေ၊ သာသနာတော်နှင့် လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ကြပါစေ။

၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။အနီဃာ သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

၈။ မည်သူမဆို သူ၏အသိုင်းအဝိုင်းနှင့် အတူတကွ ချမ်းသာပါစေ၊ ဝမ်းမြောက် ရွှင်ပြုံး နှလုံးချမ်းမြေ့ ကြပါစေ။

၉။ ရာဇတော ဝါ စောရတော ဝါ မနုဿတော ဝါ အမနုဿတော ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ နာနာဘယတော ဝါ နာနာရောဂတော ဝါ နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု

၉။ မင်းဘေး၊ ခိုးသူဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ် ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသောနက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်သောတရားဘေး၊ မှားသောအယူဝါဒဘေး၊ လူယုတ်မာ တို့၏ဘေး၊ ဤသို့သော ဘေးဆိုး အန္တရာယ်ဆိုးတို့မှ လည်းကောင်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊ ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး၊ ဝံဆိုး၊ အောင်းဆိုး၊ ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့်ဘီလူးဆိုး စသည်တို့ကြောင့် ဖြစ်တတ်သည့် ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပဒ်အမျိုးမျိုး တို့မှ လည်းကောင်း (လူတို့ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က) အစောင့်အရှောက် တာဝန်ယူကြပါကုန်။
ပရိတ်ကြီးနိဒါန်း (မြန်မာပြန်)ပြီး၏ ။ ရွတ်ဖတ်ပွါးများပူဇော်နိုင်ကြပါစေ ဆုမွန်ချွေလျက်။

Wednesday, August 12, 2009

မြန်မာကွ

နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး အများအပြား တက်ရောက်ကြသည်။
အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့ ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..

သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"

ရယ်မောခြင်းဖြင့်ဘ၀အမောပြေနိုင်ပါစေ ......

Thursday, August 6, 2009

ပြုံးတော်မူ

ပြုံးတော်မူ


သီချင်းစာသားလေးတွေ၊ သီချင်းစာအုပ်တွေလိုချင်လို့ အင်တာနက်မှာလိုက်ရှာကြည့်မိတယ် ၊ ရှာလို့သိပ်မတွေ့ဘူး ။ ဒါနဲ့ သီချင်းစာသားလေးတွေ အကြောင်းစဉ်းစားရင်း ဖတ်ခဲ့ဘူးတာလေးကို တင်ပေးလိုက်တာပါ .........

အနိုင် -- အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ -- မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစနာထွန်း --မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ -- ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ -- လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်....
မျိုးကြီး -- မလာပါနဲ့

နန်းစုရတီစိုး -- ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
မိုးမင်း -- မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် -- ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
No -- နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......

အငဲ -- ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
စိုးစနာထွန်း -- မနှောင်းသေးပါဘူး. ..မဟောင်းသေးပါဘူး အချစ်ရေ.....

Lဆိုင်းဇီ --ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း -- တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗို -- ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်....
ဗဒင် -- မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် --လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း -- နမ်းပါ နမ်းပါ နမ်းပါ..... ....

ဖြိုးကြီး -- ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း -- ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် -- မေ့လိုက်တော့ အချစ်လေးရေ..........
ဖြူဖြူကျော်သိန်း -- ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး -- စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ -- စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

စည်သူလွင် -- အချစ်ရေ ......ကိုယ့်ကြောင့်........
ခင်ဖုန်း -- မင်းကြောင့် မင်းကြောင့် ပါနော်.......

သီရိဆွေ -- နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော်-- အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စနရားလှထွတ် -- အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ -- ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ...

သုမောင် -- စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ -- ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော် နော့်...

ဖိုးသောကြာ -- ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် -- အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက ပြောတာလား.........

ဇော်ဝင်းထွဋ် --- ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း မသက်သာဘူးဟေ့.......
မေခလာ -- ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ..(မမမေခလာရယ် ဟိုက နေမကောင်းပါဘူးဆိုနေမှ ဇွတ်)

ပန်းအိဖြူ -- စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း -- ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး -- ကိုကိုယောင်္ကျားမဟုတ်ဘူး......................................
တွံတေးသိန်းတန် -- မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.......

ရယ်မောခြင်းဖြင့် ဘ၀အမောပြေနိုင်ပါစေ ခင်ဗျား ............

Wednesday, August 5, 2009

ရှေူထုံးစဉ်လာ

စိတ်တော်တော်လေးရှုပ်နေတဲ့ အချိန်လေး ဒီပို့စ်ကိုရေးမိတာပါ ။


စမ်းသပ်မှု တစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲ ထည့်ပြီး လှောင်အိမ်ထိပ်မှာ ဌက်ပျောသီး တစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။ အော်တိုစမ်းသပ် ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ဌက်ပျောသီးကို သွားယူမယ်လို့ ကြံခဲ့ရင် လှောင်အိမ်ကို ရေတွေနဲ့ ချက်ချင်း ပက်ဖြန်းတာ ခံကြရလိမ့်မယ်။
စစချင်း မျောက်တစ်ကောင်က ဌက်ပျောသီးကို ယူဖို့ကြံတော့ ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။ ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့ မျောက်တွေက ဌက်ပျောသီးကို မယူရင် ရေပက်မခံရဘူး..ဒါကြောင့် ဌက်ပျောသီးကို သွားမယူဖို့ အားလုံးက သဘောတူ ဆုံးဖြတ် လိုက်ကြတယ်။
နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲ အသွင်းခံရတဲ့ မျောက်ညိုဟာ ဌက်ပျောသီးကို မြင်တာနဲ့ ချက်ချင်း သွားယူမလို့ပါပဲ။ ဒါပေမယ့် တစ်ကောင်ကောင်က ဌက်ပျောသီးယူမယ်လို့ ကြံလိုက်ရင် ရေပက်ခံရမယ် ဆိုတာကို သိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို ခံလိုက်ရတယ်။ မျောက်ညိုက ယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ ကြံလိုက်တိုင်း
အထုအထောင်းပဲ ခံနေရတော့ နောက်ဆုံး လက်လျော့လိုက်ရတယ်။ မျောက်ငါးကောင်စလုံးက ရေပက် မခံရတော့ဘူးပေါ့။
စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်း မျောက်ညို အတိုင်းပဲ လှောင်အိမ်ထဲ ၀င်လာတာနဲ့ ဌက်ပျောသီးကို ယူဖို့ ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့ အရိုက်ကိုပဲ ခံလိုက်ရတယ်။ မျောက်ညိုကလည်း အရိုက်ခံထား ရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေ

ဝိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီး ၀င်လောင်းတာပေါ့။ မျောက်ဖိုးစိန်လည်း ယူဖို့ကြံတိုင်း အရိုက်ပဲ ခံနေရတော့ လက်လျော့လိုက်ရတယ်။ အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့ လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲ ဖြစ်ကုန်တယ်။ ဒါပေမယ့် တစ်ကောင်မှ ဌက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။

ဒီလိုနဲ့ပဲ " ရှေးထုံးစဉ်လာ" ဆိုတာ ဖြစ်ပေါ်လာတယ်။

ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။ ကျွန်တော်တို့ဟာ ဌက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့ မျောက် လား....? အရိုက်ခံရမယ် ဆိုတာကိုပဲ သိတဲ့ မျောက်လား......?


ကိုယ်ရောက်နေတဲ့ ဘ၀ မှာ စိတ်ညစ်လာလို့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ဖတ်ခဲ့ဘူးတာလေး ပြန်ရေးတင်မိတာပါ ။

Sunday, August 2, 2009

သမီးလေးရဲ့အမှတ်တရ ဓါတ်ပုံလေးတွေပါ




Friday, July 31, 2009

မြန်မာကွ(၂)

ရွှေမြန်မာရဲ့ လက်စွမ်းပြ ကိုဟန်ထွန်းရဲ့လက်ရာ အမှတ်(၃)ကို တင်ဆက်ပေးလိုက်ပါတယ် ။ ကျေးဇူးတင်ပါတယ်

မြန်မာကွ(၁)

ကိုဟန်ထွန်းရဲ့ တီထွင် ဖန်တီးမှု အမှတ်(၂)ကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ် ။




ပျော်ရွှင်နိုင်ကြပါစေ ။

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်