ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: တရားအသိမျှဝေခြင်း(၃)

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Wednesday, July 15, 2009

တရားအသိမျှဝေခြင်း(၃)

ဘုရားရှင်ဟောကြားတော်မူသည့် မင်္ဂလာသုတ်တော်လာ (၃၈)ဖြာမင်္ဂလာတရားတော်ဖြစ်ပါသည်။ ဝေးရပ်မြေသို့ ရောက်ရှိနေကြသော ရွှေမြန်မာများ အတွက် လေ့လာမှတ်သားနိုင်ရန်အတွက် မျှဝေပေးပါသည်။
(၁) အသေ၀နာစဗာလာနံ -သူမိုက်ကိုမမှီဝဲ မဆည်းကပ်ခြင်းသည်လည်းကောင်း၊
(၂) ပဏ္ဍိတာနဉ္စသေ၀နာ - ပညာရှိကိုမှီဝဲဆည်းကပ်ခြင်းသည်လည်းကောင်း၊
(၃) ပူဇာစပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သောမင်္ဂလာတရားတို့ပေတည်း။
(၄) ပတိရူပဒေသ၀ါသောစ- သင့်တင့်လျောက်ပတ်သောအရပ်ဒေသ၌ နေထိုင်ခြင်းသည်လည်းကောင်း၊
(၅) ဗုဗ္ဗေစကတပုညတာ-ရှေးဘ၀ကပြုခဲ့ဘူးသောကောင်းမှုရှိခြင်းသည်လည်းကောင်း၊
(၆) အတ္တသမ္မာပဏိဓိစ-မိမိကိုယ်နှင့်စိတ်ကိုကောင်းအောင် ထားခြင်းသည်လည်းကောင်း၊ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၇) ဗာဟုသစ္စဉ္စ -အကြားအမြင် ဗဟုသုတရှိခြင်းသည်လည်းကောင်း၊
(၈) သိပ္ပဉ္စ - စက်မှုလက်မှုစသော သိပ္ပံအတတ်ပညာ တတ်မြောက်ခြင်းသည်လည်းကောင်း၊
(၉) သုဘာသိတာစ - ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ၀ိနည်းတရားကိုကောင်းစွာသင်ယူခြင်းသည်လည်းကောင်း ၊
(၁၀) ယာဝါစ - ကောင်းသောစကားကို ပြောဆိုတတ်ခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၁၁)မာတာပိတု ဥပဋ္ဌာနံ - အမိအဖကို လုပ်ကျွေးမွေးမြူခြင်းသည်လည်းကောင်း၊
(၁၂) ပုတ္တဒါရဿသင်္ဂဟော - သားမယားကို ထောက်ပံ့ပေးကမ်းခြင်းသည်လည်းကောင်း၊
(၁၃) အနာကုလာစ ကမ္မန္တာ - မိမိကိုယ်ကို မထိခိုက်သော အလုပ်ကိုလုပ်ခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၁၄) ဒါနဉ္စ - ပေးကမ်းလှူဒါန်းခြင်းသည်လည်းကောင်း၊
(၁၅) ဓမ္မာစရိယာစ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း၊
(၁၆) ညာတကာနဉ်စသင်္ဂဟော - ဆွေမျိုးတို့အား ထောက်ပံ့ပေးကမ်းခြင်းသည်လည်းကောင်း၊
(၁၇) အန၀ဇ္ဇာနိ ကမ္မာနိ - အပြစ်မရှိ အကုသိုလ်ကင်းသော အလုပ်ကိုလုပ်ခြင်းသည်လည်းကောင်း၊ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၁၈) အာရတိပါပါ -မကောင်းမှုဟူသမျှကို ဝေးဝေးရှောင်နိုင်ခြင်းသည်လည်းကောင်း၊
(၁၉) ၀ိရတိပါပါ - မကောင်းမှုဟူသမျှကို မကျုးလွန်အောင် အထူးရှောင်နိုင်ခြင်းသည်လည်းကောင်း၊
(၂၀) မစ်ဇပါနာစ သံယမော - သေရည်၊ သေရက်၊ မှုးယစ်ဆေးဝါးတို့ကို မသောက်စားဖြစ်အောင် ရှောင်ကြည်နိုင်ခြင်းသည်လည်းကောင်း၊
(၂၁) အပ္ပမာဒေါစ ဓမ္မေသု - ကုသိုလ်ကောင်းမှု အလုပ်ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်းသည်လည်ကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၂၂) ဂါရဝေါစ - ရိုသေထိုက်သူကို ရိုသေခြင်းသည်လည်းကောင်း၊
(၂၃) နိဝါတောစ - မိမိကိုယ်ကိုယ် မောက်မာမှုမပြုပဲ နှိမ်ချခြင်းသည်လည်ကောင်း၊
(၂၄) သန္တု ဋ္ဌိစ - ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်းသည်လည်ကောင်း၊
(၂၅) ကတညုတာ - သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်းသည်လည်းကောင်း၊
(၂၆) ကာလေန ဓမ္မဿဝနံ - အခါအားလျော်စွာ တရားနာခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း၊
(၂၇) ခန္တီစ - သည်းခံခြင်းသည်လည်းကောင်း၊
(၂၈) သောဝစဿတာ - သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်းသည်လည်းကောင်း၊
(၂၉) သမဏာနဉ္စ ဒဿနံ - သူတော်ရဟန်း၊ ပုဏ္ဏားတို့အား ဖူးမျှော်ရခြင်းသည်လည်းကောင်း၊
(၃၀) ကာလေနဓမ္မသာ ကစ္ဆာ - အခါအားလျော်စွာ တရားဆွေးနွေးခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။(၃၁) တပေါစ - ခြိုးခြံစွာကျင့်ခြင်းသည်လည်းကောင်း၊
(၃၂) ဗြဟ္မစရိယဉ္စ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း၊
(၃၃) အရိယ သစ္စာန ဒဿနံ -အရိယသစ္စာတရားကို သိမြင်ရခြင်းသည်လည်းကောင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာ -နိဗ္ဗာန်ချမ်းသာကို မျက်မှေက်ပြုနိုင်ခြင်းသည်လည်းကောင်း၊
ဖုဋ္ဌဿ လောကဓမ္မေဟိ - လောကဓံတရား(၈)ပါးတို့နှင့် ကြုံကြုက်ရသော ရဟန္တာသူ့မြတ်တို့၏စိတ်သည်
(၃၅) စိတံယဿနကမ္မတိ - မတုန်လှုပ်ခြင်းသည်လည်းကောင်း၊
(၃၆) အာသောက - စိုးရိမ်မှုမရှိခြင်းသည်လည်းကောင်း၊
(၃၇) ၀ိရဇံ - ရမ္မက်ကင်းခြင်းသည်လည်းကောင်း၊
(၃၈) ခေမံ -ဘေးရန်မရှိခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့သော မင်္ဂလာတရားနှင့်အညီ ကျင့်သုံးနိုင်သောသူများ ဖြစ်ပါစေ ဆုမွန်လျှက် ...........

No comments:

Post a Comment

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်