စိတ်တော်တော်လေးရှုပ်နေတဲ့ အချိန်လေး ဒီပို့စ်ကိုရေးမိတာပါ ။
စမ်းသပ်မှု တစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲ ထည့်ပြီး လှောင်အိမ်ထိပ်မှာ ဌက်ပျောသီး တစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။ အော်တိုစမ်းသပ် ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ဌက်ပျောသီးကို သွားယူမယ်လို့ ကြံခဲ့ရင် လှောင်အိမ်ကို ရေတွေနဲ့ ချက်ချင်း ပက်ဖြန်းတာ ခံကြရလိမ့်မယ်။
စစချင်း မျောက်တစ်ကောင်က ဌက်ပျောသီးကို ယူဖို့ကြံတော့ ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။ ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့ မျောက်တွေက ဌက်ပျောသီးကို မယူရင် ရေပက်မခံရဘူး..ဒါကြောင့် ဌက်ပျောသီးကို သွားမယူဖို့ အားလုံးက သဘောတူ ဆုံးဖြတ် လိုက်ကြတယ်။
နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲ အသွင်းခံရတဲ့ မျောက်ညိုဟာ ဌက်ပျောသီးကို မြင်တာနဲ့ ချက်ချင်း သွားယူမလို့ပါပဲ။ ဒါပေမယ့် တစ်ကောင်ကောင်က ဌက်ပျောသီးယူမယ်လို့ ကြံလိုက်ရင် ရေပက်ခံရမယ် ဆိုတာကို သိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို ခံလိုက်ရတယ်။ မျောက်ညိုက ယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ ကြံလိုက်တိုင်း
အထုအထောင်းပဲ ခံနေရတော့ နောက်ဆုံး လက်လျော့လိုက်ရတယ်။ မျောက်ငါးကောင်စလုံးက ရေပက် မခံရတော့ဘူးပေါ့။
စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်း မျောက်ညို အတိုင်းပဲ လှောင်အိမ်ထဲ ၀င်လာတာနဲ့ ဌက်ပျောသီးကို ယူဖို့ ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့ အရိုက်ကိုပဲ ခံလိုက်ရတယ်။ မျောက်ညိုကလည်း အရိုက်ခံထား ရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေ
ဝိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီး ၀င်လောင်းတာပေါ့။ မျောက်ဖိုးစိန်လည်း ယူဖို့ကြံတိုင်း အရိုက်ပဲ ခံနေရတော့ လက်လျော့လိုက်ရတယ်။ အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့ လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲ ဖြစ်ကုန်တယ်။ ဒါပေမယ့် တစ်ကောင်မှ ဌက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။
ဒီလိုနဲ့ပဲ " ရှေးထုံးစဉ်လာ" ဆိုတာ ဖြစ်ပေါ်လာတယ်။
ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။ ကျွန်တော်တို့ဟာ ဌက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့ မျောက် လား....? အရိုက်ခံရမယ် ဆိုတာကိုပဲ သိတဲ့ မျောက်လား......?
ကိုယ်ရောက်နေတဲ့ ဘ၀ မှာ စိတ်ညစ်လာလို့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ဖတ်ခဲ့ဘူးတာလေး ပြန်ရေးတင်မိတာပါ ။
ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Showing posts with label မှတ်တမ်း. Show all posts

Wednesday, August 5, 2009
Thursday, July 16, 2009
ဂျပန်ပြည်က သက်တန့် တံတား
ရိန်းဘိုးတံတား
ဂျပန်နာရီတာလေဆိပ်ကို ရောက်ပြီး တိုကျိုမြို့ထဲကို လာမယ်ဆို မဖြစ်မနေဖြတ်လာရမှာက ရိန်းဘိုးတံတားပါ ။ Tokyo Bay ကိုဖြတ်ပြီးတည်ဆောက်ထားတာပါ ။ အရှည်အားဖြင့် ၅၇၀ မီတာ(1870 ပေ)ရှိပါတယ် ။ ကားလမ်း ၊ ရထားလမ်း ၊ လူသွားလမ်းတို့ပါဝင်ပါတယ် ။လူသွားလမ်းကို နွေရာသီမှာ မနက် ၉နာရီကနေ ည ၉နာရီထိ ၊ ကျန်ရာသီတွေမှာ မနက် ၁၀နာရီက ညနေ ၆ နာရီထိ ဖြတ်သန်းခွင့်ပြုပါတယ်။ ၁၉၉၃ခုနှစ်မှာ အပြည့်အ၀ ပြီးစီးခဲ့တာပါ ။ ကျေးဇူးတင်ပါတယ် .........

Wednesday, July 15, 2009
ကမာကူရသို့(၁)ခေါက်
ကမာကူရသို့(၁)ခေါက်
ဂျပန်ကိုရောက်ပြီး (၈)လအကြာ မှတ်မှတ်ရရ ပြည်ထောင်စုနေ့ (12-2-2009)ရက်နေ့မှာ အခါအခွင့်သင့်လို့ ဂျပန်နိုင်ငံမှာ ထင်ရှားတဲ့ ကမာကူရဆင်းတုတော်ကြီးကို မိသားစုလိုက် ဖူးမျှော်ခွင့်ကြုံခဲ့ပါတယ် ။ဘုရားသမိုင်းအကျဉ်းကိုလည်းလေ့လာခွင့် ရခဲ့ပါတယ်။သမိုင်းအကျဉ်းကတော့-
ဘုရားကြီး ကို ၁၂၈၃ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပြီး သစ်သားနဲ့ဆောက်လုပ်ခဲ့တာ (၅)နှစ်အကြာမှာ ပြီးစီးခဲ့ကြောင်း ၊ တခါပြန်လည်ပြီး သံနဲ့တည်ထားကိုးကွယ်ကြောင်း ၊ ဥာဏ်တော် (၁၁)မီတာ ၊ အလေးချိန်(၁၂၁)တန်ရှိပါတယ် လို့ ဘုရားသမိုင်းမှာ ဖတ်ရှုလေ့လာခဲ့ရပါတယ် ။ ဂျပန်နိုင်ငံရဲ့တတိယမြောက် ဆင်းတုတော် တို့လည်း မှတ်သားခဲ့ရပါတယ် ။ ထူးခြားတာလေးတွေကတော့
(၁) ဘုရားကြီးအတွင်း မည်သူမဆို ၀င်ကြေးငွေတစ်ဦးလျှင် ဂျပန်ယန်း(၂၀၀)ပေးပြီးမှ
ဝင်ခွင့်ရခြင်း။
( မြန်မာပြည်မှာတော့ ဘုရားဝင်ကြေးရယ်လို့မရှိပါဘူး)။
(၂) ဘုရားကြီးကို ပြတိုက်သဖွယ်သာ သဘောထားကြခြင်း။
(၃) ဘုရားကြီးအတွင်း ဖိနပ်စီးခွင့်ပြုထားခြင်း။
(၄) ဦးခေါင်းတော်အတွင်းအထိ အမျိုးသမီးများပါ ၀င်ရောက်ဖူးမျှော်ခွင့်ရခြင်း။ တို့ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ မြန်မာမိသားစုတွေပဲ ခြေ၊လက်၊နဖူး၊တတောင်၊ဒူး ဆိုတဲ့ ထိခြင်းကြီးငါးပါးနဲ့ ထိုင်ပြီး အားပါးတရ ကန်တော့ကြတာကို အားလုံးက တအံတသြ ၀ိုင်းငေးနေကြတာကိုကြုံခဲ့ရပါတယ်။

တိုကျိုတာဝါ
တိုကျိုတာဝါ
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ တိုကျိုတာဝါ ဖြစ်ပါတယ် ။ အမြင့်ပေ ၃၃၃ မီတာ( ၁၀၉၁ ပေ) မြင့်ပြီးတော့ ၊အလေးချိန်အားဖြင့်တန် ၄၀၀၀ ရှိပါတယ် ။၎င်း တိုကျိုတာဝါမှနေပြီးတော့ အသံလွှင့်လိုင်းပေါင်း ၂၄ ခုကိုထုတ်လွှင့်ပေးနေတယ် လို့သိရှိရပါတယ် ။ ၁၉၅၇ ခုနှစ် ၊ဇွန်လမှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၅၈ ခုနှစ် ၊ဒီဇင်ဘာ(၂၃)ရက်နေ့မှာဖွင့်လှစ်နိုင်ခဲ့ပါတယ် ။ကုန်ကျငွေကတော့ ၁၉၅၇ခုနှစ်က ($8.4 million )ရှိတယ်လို့သိရှိရပါတယ် ။ ပိုင်ရှင်တော့ Nihon Denpatō(Nippon Television City Corp) ကပိုင်ဆိုင်တယ်လို့ သိရှိရပါတယ် -

ဂျပန်ပြည်က ဆူရှီဆိုင်လေးများ
ဂျပန်ပြည်က ဆူရှီ ဂျပန်မှာရှိတဲ့ ဆူရှီဆိုင်လေးအတော်များများက သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေးနေရာလေးတွေမို့ အပန်းဖြေရင်းနဲ့လာရောက်စားသောက်ကြတာများပါတယ် ။ စားသောက်ခဲ့ကြပါတယ်၊ ထူးခြားတာက ဆူရှီဆိုင်လေးတွေအားလုံးလိုလိုက ၂၄ နာရီဖွင့်တာပါပဲ ။
ဆူရှီမှာပုဇွန်ဆူရှီ နဲ့ ကြက်ဥဆူရှီ ၊မာဂုရို၊ပုဇွန် နဲ့ မာကီမိုနိုလို့ခေါ်တဲ့ ဆူရှီတွေကိုစားသုံးကြတာများပါတယ် ။
ဂျပန်စကား ကောင်းကောင်းမတတ်တဲ့ နိုင်ငံခြားသားများလဲ ဆိုင်လေးတွေမှာ ၀ယ်စားလို့ အဆင်ပြေပါတယ်။ သူ့ဆိုင်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်လေးတွေ လက်နဲ့ပြလိုက်ယုံပေါ့ ။ ဈေးနှုန်းပါ တစ်ခါတည်းပါတော့ တော်တော်အဆင်ပြေပါတယ် ။
ဆူရှီဆိုင်က ဆူရှီဈေးနှုန်းလေးတွေပါ ၊ ယန်း 750 ၀န်းကျင်ဆိုတော့၊မြန်မာငွေ ၈၀၀၀
ဝန်းကျင်လောက်ရှိပါတယ် -

ဂျပန်ဆူရှိဆိုင်က ဆူရှိဘူးလေးတွေခင်းကျင်းထားတဲ့ပုံလေးတွေပါ-
ဂျပန်ကီမိုနိုလေးများ
ဂျပန်က ကီမိုနိုဝတ်စုံလေးများ
ဂျပန်ရိုးရာဝတ်စုံကတော့ ကီမိုနိုပဲဖြစ်ပါတယ်။ ကီမိုနိုဝတ်စုံမှာ ဒီဇိုင်းအမျိုးမျိုးရှိသလို ၊တန်ဖိုးလဲ အမျိုးမျိုးရှိပါတယ် ။ မြန်မာငွေနဲ့တွက်ရင် သိန်း ၃၀၀ ကျော်တန်လောက်က နေ ကျပ် ၃သောင်းတန် လောက်အထိ အမျိုးအစား အမျိုးမျိုးရှိပါတယ် ။ အခုဆိုလို့ရှိရင် လျှပ်စစ်မြို့တော်လိုနေရာမျိုးမှာရှိတဲ့ Duty Free လျှပ်စစ်ဆိုင်တွေမှာတောင် ကီမိုနိုဝတ်စုံလေးတွေကို နိုင်ငံခြားသားတွေ ဂျပန်ပြန်လက်ဆောင်အဖြစ်ဝယ်နိုင်အောင် ရောင်းချနေတာကိုတွေ့ရပါတယ် ။ ဂျပန်ကီမိုနိုလေးတွေကို လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ် -
ဒါကတော့ ယန်း 289000 ၊ မြန်မာကျပ်နဲ့ဆို သိန်း(၃၀)လောက်တန်တဲ့ ကီမိုနိုဝတ်စုံလေးပါ-

ဂျပန်ပြည်ကို စတင်ရောက်ရှိခြင်း
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊နာရီတာလေဆိပ်ကို စတင်ရောက်ခဲ့တုန်းကပါ

မကွေးတိုင်း၊ အောင်လံမြို့မှာ မွေးဖွားခဲ့တဲ့ အညာသားလေး ကျွန်တော် ယောင်ချာချာနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ ကို ၂၉-၆-၂၀၀8 ရက်နေ့ ၊ တနင်္ဂနွေ နံနက် ဂျပန်ဒေသစံတော်ချိန် ၈နာရီ ၅မိနစ်မှာရောက်ရှိခဲ့ပါတယ် ။ အပူပိုင်းဒေသကလာခဲ့ရပြီး ဒီရောက်တော့လဲ မိုးတွေရွာနေတော့ အေးစိမ့်စိမ့်နဲ့ပေါ့ ။ နောင်တော်ကြီး (၂)ပါး ကားနဲ့ လေဆိပ်ကိုလာကြိုပါတယ် ။အော် ဂျပန် ဂျပန် လာဖို့ကြိုစားခဲ့ရတာ ............ ။
Subscribe to:
Posts (Atom)
ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။