ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: မြန်မာကွ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Wednesday, August 12, 2009

မြန်မာကွ

နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး အများအပြား တက်ရောက်ကြသည်။
အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့ ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..

သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"

ရယ်မောခြင်းဖြင့်ဘ၀အမောပြေနိုင်ပါစေ ......

No comments:

Post a Comment

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်