ရွှေပြည်စိုး မိသားစု၏ မျိုးဆက်သစ် များမှ တင်ဆက် သည်: July 2009

ကျေးဇူးရှင် ဖေဖေနှင့်မေမေ

ကျေးဇူးရှင် ဖေဖေနှင့်မေမေ
Image and video hosting by TinyPic Image and video hosting by TinyPic

ရွေပြည်စိုး

Friday, July 31, 2009

မြန်မာကွ(၂)

ရွှေမြန်မာရဲ့ လက်စွမ်းပြ ကိုဟန်ထွန်းရဲ့လက်ရာ အမှတ်(၃)ကို တင်ဆက်ပေးလိုက်ပါတယ် ။ ကျေးဇူးတင်ပါတယ်

မြန်မာကွ(၁)

ကိုဟန်ထွန်းရဲ့ တီထွင် ဖန်တီးမှု အမှတ်(၂)ကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ် ။




ပျော်ရွှင်နိုင်ကြပါစေ ။

မြန်မာကွ

ရွှေမြန်မာတွေရဲ့ တီထွင် စိတ်ကူးကောင်းမှုလေးကို ဂုဏ်ပြုတင်ဆက်လိုက်ပါတယ် ။ တီထွင်ဖန်တီးသူ ကိုဟန်ထွန်းကို အထူးကျေးဇူးတင်ပါတယ် ။ ပျော်ရွှင်ဖွယ် ရသလေးပေးစွမ်းနိုင်ရင် ကျေနပ်ပါတယ် ။




ရယ်မောခြင်းဖြင့် ဘ၀အမောပြေနိုင်ပါစေ ဆုမွန်လျက်။

တိုက်ဆိုင်လိုက်ပုံများ

မနီသည်အတန်းထဲတွင် အမြဲအိပ်ငိုက်လေ့ ရှိသည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်-

ဆရာမ ။ ။" မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့သလဲ။"

မနီအိပ်ငိုက်နေသဖြင့် မကြားသောကြောင့် သူမနောက်တွင်ထိုင်နေသော ကိုဖြိုးကဘောပင်နှင့်ထိုး၍ သတိပေးလိုက်သည်။ ထိုအခါ -

မနီ ။ ။ " ဘုရားသခင်" ( လန့်သွားသဖြင့် ယောင်၍ အော်လိုက်သည်။ ထို့နောက် သူမပြန်လည် အိပ်ပျော်သွားပြန်သည်)။

ဆရာမ ။ ။ " တော်လိုက်တာ၊ ကဲ နောက်တစ်ခုထပ်မေးမယ်။ တို့ရဲ့ကယ်တင်ရှင်ကဘယ်သူလဲ သမီး ?"

ဆရာမမေးသည်ကို မနီမကြား၊ အိပ်လို့ကောင်းနေသည်။ ထို့ကြောင့်ကိုဖြိုးက ဘောပင်ဖြင့်ထိုး၍ သတိပေးရပြန်သည်။

မနီ ။ ။ " ဂျီးဆပ် ခရိုက်စ်"(လန့်သွားပြန် သဖြင့် ယောင်၍ ထအော်ပြန်သည်။ ထို့နောက် အိပ်ပျော်ပြန်လေသည် )

ဆရာမ ။ ။ "မှန်တယ်။ ဆရာမ နောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့နောက်မှာ ဧဝ က အာဒမ်ကို ဘာပြောခဲ့လဲ "
ဒီတစ်ခါတော့ကိုဖြိုး အိပ်ပျော်နေသောမနီကို ဘောပင်နှင့်နာနာထိုး၍ သတိပေးလိုက်သည်။ မနီအတော်နာသွားသည်။ ထို့ကြောင့်အိပ်ယာမှ နိုးလာပြီး ရုတ်တရတ် ထကာပြောလိုက်သည်မှာ....

မနီ ။ ။ " နောက်တစ်ခါ ငါ့ကိုထပ်ထိုးရဲထိုးကြည့် ၊ နင့်ဟာကို ထက်ပိုင်းချိုးပစ်မယ် !!!"

ရယ်မောခြင်းဖြင့် ဘ၀အမောများပြေနိုင်ပါစေ ။ ကိုအညာသားလဲကျေနပ်မယ်ထင်ပါတယ် ။

သူတော်တော်ချစ်ပါတယ်.....

ဒီတစ်ခါလည်း စာတွေတင်မက လိပ်စာကိုပါ သေချာစစ်ပေးရတဲ့ ပါကစ်က ကိုကြီးကျော်တို့လို တာဝန်ထမ်းဆောင်နေရတဲ့သူတွေ အတွက် အမှတ်တရလေး တင်ပေးဖြစ်ပါတယ် ။ ရယ်မောခြင်းဖြင့် ဘ၀အမောပြေနိုင်ပါစေ-
ဇာတ်လမ်းလေးက ဒီလိုပါ -

လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသည့်နောက် သူနေရမည့် အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာ တစ်လုံးကို တွေ့သော အခါ ၀မ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့်
email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။

မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။

အမေဖွင့်ထားသော email မှာ

သို့
အချစ်ကလေး

အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှိကြောင်း
နေ့စွဲ။ 31 ဇူလိုင်လ ၂၀၀၈

အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို
ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ
ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။

မနက်ဖြန်တွေ့ကြရအောင်နော်
ချစ်တဲ့
မောင်

ကဲ ကိုကြီးကျော်ရေ တပည့်တွေရဲ့ စာတွေတင် မဟုတ်ဘူး ။လိပ်စာပါ သေချာစစ်နိုင်ပါစေကြောင်း ။

စာလုံးပေါင်းမှန်ဖို့လိုတယ်

ဒီရွှေပြည်စိုး ဘလော့ဂ်လေးရေးဖြစ်ဖို့ အဓိက ကျေးဇူးတင်ရမည့်သူ ၂ဦးရှိပါတယ် ။ ပထမကတော့ ပါကစ်က ကိုကြီးကျော်ပါ ။နောက်တစ်ယောက်က ရွှေနေပြည်က သူငယ်ချင်းပါ ။ခုဒီပို့စ်လေးကိုရေးဖြစ်တာကလည်း သူတို့ ၂ဦး ကျေးဇူးပါ ။ ရွှေနေပြည်က သူငယ်ချင်းက မေးလ်နဲ့ ဒီရယ်စရာလေးကို ပို့ပေးပါတယ် ။ နောက် စာတွေစစ်ဆေးရတဲ့ တာဝန်ကိုလည်း ထမ်းဆောင်နေတဲ့ ပါကစ်က ကိုကြီးကျော်ကို သတိရသွားပြီး တင်ပေးလိုက်တာပါ -


အကြောင်းက ဒီက စတာပါ ။ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့ စာကိုပဲ ပြင်သင့်တာ ပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။ စာက ဒီအတိုင်းဖြစ်သွားပါတယ် - ( ကွင်းစ ကွင်းပိတ်ထဲက ရေးထားတာတွေက ကိုလုံးတစ်ယောက် ဂရုဏာဒေါသနဲ့ သူ့ကောင်မလေးကို ပြန်ရေးထားတာလေးပါ )

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။ မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး ) ။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ ဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်) အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်) ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ) ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။ (ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့) ..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား) အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။ မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။ မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)
ခြစ်တဲ့မီး (မီးခြစ်ပေါ့)
*စပလင်မှားရင်ခွင်လွှတ်ပါ* (စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(
ကဲ ကိုကြီးကျော်ရေ တပည့်တွေနဲ့ စာသေချာသာစစ်ပေတော့နော် .....

Wednesday, July 29, 2009

ပုည ကြိယာ(၁၀)ပါး

ပုညကြိယာ(၁၀)ပါး အကြောင်း

ကောင်းမှု--->ကုသိုလ်--->ပုည--->ပုန်း--->ဘုန်း သို့ အဆင့်ဆင့်ကူးပြောင်းခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကြီး သည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်းသိအပ်ပေသည်။
(က)ဒါန
(၁)ရိုးရိုးဒါန(လှူဒါန်းခြင်း)
(၂)ပတ္တိဒါန(အမျှပေးခြင်း)
(၃)ပတ္တာနုမောဒန(သာဓုခေါ်ခြင်း)
(ခ)သီလ
(၁)ရိုးရိုးသီလ(ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂)အပစာယန(ရိုသေခြင်း)
(၃)ဝေယျာဝစ္စ(လုပ်အားပေးခြင်း)
(ဂ)ဘာဝနာ
(၁) ရိုးရိုးဘာဝနာ(မေတ္တာဘာဝနာပွားခြင်း ဘုရားဂုဏ်တော်စသည်အာရုံပွားနေခြင်း)
(၂) ဓမ္မဿဝန(တရားနာယူခြင်း)
(၃) ဓမ္မဒေသနာ(တရားဟောပြောပြနေခြင်း)
(၄) ဒိဋ္ဌိဇုကမ္မ(အယူမှန်ခြင်း)
အထက်ပါကောင်းမှု(၁၀)ပါးသည်
-အလွယ်တကူပြုလုပ်နိုင်
-အချိန်တိုင်းမှာပြုလုပ်နိုင်
-ပုဂ္ဂိုလ်အားလုံးနှင့်တင့်တယ်
-သုံးလို့ မကုန်
-သူခိုး မခိုး/ဓါးပြမတိုက်နိုင်
ဒါကြောင့် မိတ်ဆွေ-
ဤကောင်းမှု(၁၀)ပါးအားမိမိကိုယ်တိုင်လည်း လေ့ကျင့် သူတစ်ပါးအားလုံးကိုလည်းလေ့ကျင့်ကြရန် စည်းရုံးတိုက်တွန်းကြပါစို့ ။

ဗုဒ္ဓဝင်အကျဉ်း

ဘုရားရှင်ကိုယ်တော် မြတ်ကြီး၏ ဗုဒ္ဓဝင်အကျဉ်း အား ပူဇော်တင်ဆက်အပ်ပါသည်-

(က)ရသေ့ဖြစ်ခြင်း
သုမေဓါရသေ့ဘဝ မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများဘာမျှယူမသွားနိုင်သောကြောင့် လူတွေသေဆုံးလို့  ဘာမျှပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင်ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာအားလုံး စွန့် လွှတ်လှူဒါန်းပြီး ရသေ့ဘဝပြောင်း တရားကျင့်ခဲ့သည်။

(ခ)ဆန္ဒာဓိပတိ
ဘုရားအလောင်းသုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ ပြီး နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တဝါ များအား လမ်းညွှန်(ကယ်တင်) လိုသော ဆန္ဒာဓိပတိ ကြောင့်သာလျှင် ဘုရားဆုပန်လေသည်။ (ကိုယ့်အတွက်မကြည့်၊အများအကျိုးအတွက်သာ ဆောင်ရွက်လိုသောဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)

(ဂ)ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲကမ္ဘာမတိုင်မီအရှေ့ လေးသင်္ချေကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာ ဘုရားရှင်၏ခြေတော်ရင်း၌ သုမေဓာ ရှင်ရသေ့ဘဝကစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။
(တစ်ကမ္ဘာသည် မရေမတွက်နိုင်အောင်ကြာလှပြီး သင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်။)

(ဃ)ပါရမီ(ဆယ်ပါး-အပြားသုံးဆယ်)
၁။ဒါန-ပေးလှူခြင်း
၂။သီလ-ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။နေက္ခမ္မ-ကိလေသာတောမှ ထွက်ခြင်း
၎။ပညာ-အကြောင်းအကျိုးဆင်ခြင် ထိုးထွင်းသိခြင်း
၅။ဝီရိယ-အားစိုက်ကြိုးစား လုံ့ လရှိခြင်း
၆။ခန္တီ-သည်းခံခြင်း
၇။သစ္စာ-ဖြောင့်မတ်/ မှန်ကန်ခြင်း
၈။အဓိဋ္ဌာန်-အဓိဋ္ဌာန်တည်ဆောက်ခြင်း ၊ ပြတ်သားသောဆန္ဒ
၉။မေတ္တာ-စင်ကြယ်သောချစ်ခြင်း
၁၀။ဥပေက္ခာ-လျစ်လျူရှုခြင်း /အသင့်အားဖြင့်ရှုခြင်း
-မူလပါရမီ(၁၀)ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊သားမယားပါမကျန်ဖြည့်ခြင်း)
-ဥပပါရမီ(၁၀)ပါး
(စည်းစိမ်+ဇနီး ၊သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်းပါဝင်ဖြည့်ခြင်း)
-ပရမတ္ထပါရမီ(၁၀)ပါး
(အသက်ကိုပါမကျန်ဖြည့်ခြင်း)

(င)ပါရမီဖြည့်ပုံ
(၁)ကြာမြင့်လှစွာသောအချိန်
(၂)မရပ်မနား
(၃)ချန်မထားပဲ
(၄)ရိုရိုသေသေ
(၅)ပျော်ပျော်ကြီးဖြည့်

(စ)တိတိကျကျသေသေချာချာပွင့်တော်မူခြင်း
(၁)ပါရမီဖြည့်တာ တိကျသေချာ
(၂)မွေးဖွား နှစ၊် လ၊ ရက်(မဟာသက္ကရာဇ်-၆၈(BC 623) ၊ကဆုန်လပြည့်၊သောကြာနေ့ )
BC(Before the birth of Jesus Christ)(ခရစ်တော်မပေါ်မီ)AD(Anno Domini=after the birth of Jesus Christ)(ခရစ်တော်ပေါ်ပြီး)(ယခုသုံး)(BC 623+AD 2008)=2631ဘုရားရှင်မွေးဖွားသောခုနှစ်မှာBC 623ဖြစ်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း၂၆၃၁ က ဘုရားရှင်မွေးဖွားခဲ့သည်။
(၃)မိဘနှစ်ပါး(သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာဒေဝီ)
(၄)မွေးဖွားရာနေရာ(အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီ ဥယျာဉ်)
(၅)လူသားအစစ်ဖြစ်ခြင်း
(၆)မွေးဖွားခြင်းဘုရားမဖြစ်၊ကျင့်ပြီးမှဖြစ်(ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်။)
(၇)ဘုရားဖြစ်သောရက်တိကျသေချာ(မဟာသက္ကရာဇ်-၁၀၃၊(BC 588)
ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့ )
BC 588+(AD)2008=2596

လွန်ခဲ့သောနှစ်ပေါင်း၂၅၉၆ ကဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ခဲ့သည်။
ပရိနိဗ္ဗာန်စံသည့်နေ့ -မဟာသက္ကရာဇ်-၁၄၈၊(BC 543)၊ကဆုန်လပြည့်၊အင်္ဂါနေ့ ။
BC 543+2008=2551
လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၁ ကဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။

ဘုရားရှင်၏ ဗုဒ္ဓဝင်အကျဉ်း အား အာရုံပြု ကြည်ညိုနိုင်စေရန် ပူဇော်တင်ဆက်ပါသည် ။

သံဃာ့ဂုဏ်တော်(၉)ပါး

သံဃာ့ဂုဏ်တော်(၉)ပါး ပါဋိနှင့် အနက်
(၁)သုပ္ပဋိပန္န္န - သံဃာတော်တို့ သည် ဝိနည်း၊သိက္ခာတို့ ကို ကောင်းစွာကျင့်တော်မူသော ဂုဏ်။

(၂)ဥဇုပ္ပဋိပန္န္န္န - အကျင့်မြတ်ဝိနည်းတို့ ကို ဖြောင့်မှန်စွာ ကျင့်တော်မူသောဂုဏ်။

(၃)ဉာယပ္ပဋိပန္န္န -နိဗ္ဗာန်အားမျက်မှောက်ပြုရေးအတွက် အလေးပေးပြီးကျင့်တော်မူသောဂုဏ်။

(၄)သာမိစိပ္ပဋိပန္န္န - အကျင့်မြတ်ကို ရိုသေလေးမြတ်စွာ ကျင့်တော်မူသောဂုဏ်။

(၅)အာဟုနေယျ - အဝေးက သယ်ဆောင်လာသည့်ပစ္စည်းကိုပင် ခံယူထိုက်သောဂုဏ်။

(၆)ပါဟုနေယျ-ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်သောဂုဏ်။

(၇)ဒက္ခိနေယျ - မြင့်မြတ်သောအလှူကို ခံယူတော်မှုထိုက်သော ဂုဏ်။

(၈)အဉ္စလိကရဏီယ - လက်အုပ်ချီမိုး ရှိခိုးပူဇော်မူကို ခံယူတော်မူထိုက်သောဂုဏ်။

(၉)အနုတ္တရပုညခေတ္တံ လောကဿတိ - သတ္တဝါအပေါင်းတို့ ၏ ဒါနမျိုးစေ့စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ် ဖြစ်သောဂုဏ်။
သံဃာ့ဂုဏ်တော် အား ကြည်ညိုနိုင်ရန် တင်ပြပါသည်။

တရားဂုဏ်တော် (၆)ပါး

တရားဂုဏ်တော် (၆)ပါး ပါဋိနှင့် အနက်
(၁)သွာက္ခာတဂုဏ်=ဘုရားရှင်ကိုယ်တိုင် ဟောခြင်း။

(၂)သန္ဒဋ္ဌိတဂုဏ်=ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃)အကာလိက=ရှုပွားသူအတွက် မဂ်ပြီးလျှင်ဖိုလ်အချိန်မဆိုင်းဘဲ ဖြစ်ခြင်း။(အခါမလင့်
အကျိုးပေးသောဂုဏ်)

(၄)ဧဟိပဿိက =တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ရဲခြင်း။(လာပါ ရှုပါ ကျင့်ကြံပါဟု
တိုက်တွန်းခြင်းငှာ ထိုက်သောဂုဏ်)

(၅)သြပါနေယျိက=မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆)ပစ္စတ္တံ ဝေဒိတဗ္ဗဝိညူဟိ=မဂ်၊ဖိုလ်၊နိဗ္ဗာန် ဓမ္မရသကို လက်တွေ့ ခံစားနိုင်ခြင်း။

ဘုရား ဂုဏ်တော် (၉)ပါး

ဘုရားဂုဏ်တော် (၉)ပါး ပါဋိ နှင့် အနက်
(၁)အရဟံ
(က)အရဟံ = လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးတို့ ၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
(ခ)အရ ဟံ= ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
(ဂ)အ ရဟံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား။

(၂)သမ္မာသမ္ဗုဒ္ဓေါ= သိစရာအားလုံးတို့ ကို အမှန်အတိုင်း၊ ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသောမြတ်စွာဘုရား။

(၃)ဝိဇ္ဇာစရဏသမ္ပန္နော= အသိဥာဏ်ရော၊အကျင့်ပါ ပြည့်စုံတော်မူသောမြတ်စွာဘုရား။
(ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။)

(၄)သုဂတော= ကောင်းသောစကားကို ဆိုတော်မူသောမြတ်စွာဘုရား။
(မှန်ကန်၍ အကျိုးရှိသော စကားကို ဆိုတော်မူသောမြတ်စွာဘုရား။)
ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။

(၅)လောကဝိဒူ= လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား။
(သတ္တလောက၊သြကာသလောက၊သင်္ခါရလောက ဟုဆိုအပ်သောလောကသုံးပါးကို
သိတော်မူသော မြတ်စွာဘုရား)

(၆)အနုတ္တရော ပုရိသဒမ္မသာရထိ= ဆုံးမထိုက်သော သတ္တဝါတို့ ကို အတုမရှိဆုံးမတော်
မူတတ်သော မြတ်စွာဘုရား။

(ရ)သတ္ထဒေဝမနုဿာနံ= လူ ၊ နတ်၊ဗြဟ္မာ သတ္တဝါအားလုံးတို့ ၏ ဆရာတစ်ဆူဖြစ်တော်
မူသောမြတ်စွာဘုရား။
(နတ် ၊ လူ၊ဗြဟ္မာသတ္တဝါအားလုံးတို့ အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော
မြတ်စွာဘုရား)

(၈)ဗုဒ္ဓေါ= သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊သူတစ်ပါးတို့ ကိုလည်း သိအောင်
ဟောတော်မူတတ်သောမြတ်စွာဘုရား။
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ ကို
ကိုယ်တိုင်လည်းသိတော်မူ၊သူတစ်ပါးတို့ ကိုလည်းသိအောင် ဟောတော်မူသော
မြတ်စွာဘုရား။)

(၉)ဘဂဝါ= ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုန်းတော်ခြောက်ပါးဆိုသည်မှာ-
(က)ဣဿရိယဘုန်းတော်- မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရတော်မူသော
မြတ်စွာဘုရား။

(ခ)ဓမ္မဘုန်းတော်- မဂ်၊ဖိုလ်၊နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဂ)ယသဘုန်းတော်- များပြားသော အခြံအရံ ၊ ပျံ့ နှံ့ သော အကျော်အစောနင့် ပြည့်စုံ
တော်မူသောမြတ်စွာဘုရား။

(ဃ)သိရီဘုန်းတော်- အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။

(င)ကာမဘုန်းတော်- လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှ ခဏချက်ချင်း ပြည့်ဝသောမူသော
မြတ်စွာဘုရား။

(စ)ပယတ္တဘုန်းတော်- အတုမရှိသော လုံ့ လဝီရိယနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတော်ရ) စာအုပ်မှ ကူးယူတင်ပြပါသည် ။

ချစ်လို့ကျွေးတာမှတ်ပါ

ချစ်လို့ကျွေးတယ်မှတ်ပါ
မရေးဖြစ်တာ ကြာလို့ ဟိုဟိုဒီဒီရှာရင်းတွေ့တာလေး တင်ပေးလိုက်တာပါ ။ ကဲ ချစ်လို့ကျွေးတိုင်း မျက်စိမှိတ် မစားမိပါစေနဲ့ ။


ပျော်ရွှင်ပါစေ ။

Sunday, July 19, 2009

ကွန်ပြူတာနည်းပညာ

ကျွန်တော့်နောင်တော်ကြီး အိုင်တီခရီးသည် (http://it-traveller.blogspot.com/) က ကွန်ပြူတာ နည်းပညာတွေရေးတော့ ကျွန်တော်လဲ အားကျတာပေါ့ ။ ဒါနဲ့ ရေးစရာက မရှိ ။ မရှိ ရှိတာ ရှာကြံရေးလိုက်တော့ ................... ။

မိမိအချက်အလက်တွေကို သူများ မကြည့်နိုင်အောင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ် -

မိမိဘာရိုက်တယ်ဆိုတာ သူများမသိအောင် ဆောင်ရွက်ရမည့် နည်းလမ်းလေးပါ -



မိမိ ကွန်ပြူတာမှာ ဘာကြည့်နေတယ်ဆိုတာ သူများမသိအောင် ဆောင်ရွက်နိုင်တဲ့နည်းလမ်းလေးပါ -



မိမိ ဘာရိုက်တယ် ၊ ဘာကြည့်တယ်ဆိုတာ သူများမသိအောင် ဒီနည်းလမ်းကို သုံးပြီး ကာကွယ်နိုင်ပါတယ်-



Saturday, July 18, 2009

ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အဘ ဦးမြင့်လွင်( သန့် ၊ တည် ၊ ပွါး ) ဟောပြတော်မူသော ဓမ္မ၏ပင်ကိုယ်သတ္တိ အား ထပ်ဆင့် တင်ပြအပ်ပါသည် ။

ဓမ္မသည်ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ -

(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ်အမြတ်မရွေး
ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။

(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။

(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။

သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာ မဆို၊ မည်သည့်အချိန် မှာမဆို ကျင့်သုံးနိုင်ပါသည်။

ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။
သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊ တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊ တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင် အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။

အထူးသတိပြုရမည့်အချက်မှာ ရေ သည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊ ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင် အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွား ကာ အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွား သည်။ ထိုသို့ ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏ ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာ လှသည်။ ဓမ္မသည်လည်း ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့် မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့် ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော် တို့သည်လည်း မထင်ရှား၊ မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။
ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မ ကို မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ ၏ မြင့်မြတ်လှသော အကျင့်ြ့မတ်တရားများကို ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မ နှင့်ပတ်သက်ပြီး ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို သတိပြုစေချင်ပါသည်။အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-
(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။
သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့် အမှန်တရား
(Universal Law, Universal Truth, Noble Truth) ဖြစ်သည်။
(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။
မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။
မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။
(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး သိမြင်နိုင်ပါသည်။ ယနေ့ခေတ်
အတော်များများသော ပုဂ္ဂိုလ်များမှာ ဓမ္မကို ကျင့်သုံးသူ ရှားပါးလာသည်နှင့် အိပ်မည်၊ စားမည်၊ ကာမ မှီဝဲမည်ဆိုသည့်
လူအတော်များများ ရှိပြီး၊ ထိုလူများမှာ တိရစ္ဆာန်များနှင့် နီးစပ်လာသည်ကို တွေ့ရှိရပြီး အကောင်းနှင့်အဆိုး ကို ခွဲခြားနိုင်သူ
ရှားပါးလာသည်ကို တွေ့ရှိရပါသည်။

ထို အကောင်းတရား၊ အဆိုးတရား များကို ဓမ္မကျင့်သုံးသော ပုဂ္ဂိုလ်တိုင်း သေချာခွဲခြားပြီး သိမြင်ကြမှာ ဖြစ်သည်။
ဤနေရာမှာ အကောင်းသုံးမျိုးနှင့် အဆိုးသုံးမျိုးကို တင်ပြလိုပါသည်။

အကောင်းတရားသုံးမျိုးမှာ
(၁) အများအကျိုးရှိ မိမိလည်းအကျိုးရှိ (အကောင်းဆုံး)
(၂) အများအကျိုးရှိ မိမိဘာမှမဖြစ်
(၃) အများဘာမှမဖြစ် မိမိအကျိုးရှိ

ထိုအကောင်းတရားသုံးမျိုးကို ဓမ္မ ကျင့်သုံးသူတိုင်း အမြဲတမ်းဆောင်ပြီး ကျင့်သုံးကြသည်။
အဆိုးတရားသုံးမျိုးမှာ -
(၁) အများထိခိုက် မိမိမှာလည်းထိခိုက် (အဆိုးဆုံး)
(၂) အများထိခိုက် မိမိမှာဘာမှမဖြစ်
(၃) အများဘာမှမဖြစ် မိမိထိခိုက်
ဓမ္မ ကျင့်သုံးသူတိုင်း ထိုအဆိုးတရားသုံးမျိုးကို ရှောင်ကြဉ်နိုင်ကြမှာ ဖြစ်သည်။ အကောင်းအဆိုးကို တိကျသေချာစွာ ခွဲခြားသိမြင်လာနိုင်ရန် ဓမ္မ ကို ကျင့်ကြံအားထုတ်မှသာလျှင် သိမြင်နိုင်မည်။သို့သော် အကောင်းတကာ့ အကောင်းဆုံး၏ အထွဋ်အထိပ်အကောင်းဆုံးသည် မိမိလည်းအကျိုးရှိအများ လည်းအကျိုးရှိ လောကီသာမက လောကုတ္တရာ နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်သည်သာလျှင် မြင့်မြတ်ပုဂ္ဂိုလ် (Noble Person) အထွဋ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။

အဘ ဦးမြင့်လွင်( သန့် ၊ တည် ၊ ပွါး ) ဟောပြတော်မူသော ဓမ္မ၏ပင်ကိုယ်သတ္တိ အား ထပ်ဆင့် တင်ပြခြင်း ဖြစ်ပါသည် ။

Thursday, July 16, 2009

ပဌာန်းပစ္စယုဒ္ဒေသနှင့်ဆုတောင်း

ပဌာန်းပစ္စယုဒ္ဒေသနှင့် ဆုတောင်းကို ပူဇော်တင်ဆက်ပါသည် -
ပဌာန်းပစ္စယုဒ္ဒေသပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဟေတုပစ္စယော
၂။ အရမ္မဏ ပစ္စယော
၃။ အဓိပတိပစ္စယော
၎။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁ဝ။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေဝနပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ဝိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂ဝ။ ဝိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ဝိဂတပစ္စယော
၂၄။ အဝိဂတပစ္စယောတိ။
ပစ္စယုဒ္ဒေသော နိဋ္ဌိတော။
ဆုတောင်း

ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းရပါစေသား။
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကိုမျက်မှောက်ပြုရပါစေသား ။
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။
ရွတ်ဆိုပွါးများပြီး မိမိလိုသောဆုကိုတောင်းကာ ပြည်စုံသောသူများ
ဖြစ်နိုင်ကြပါစေကြောင်း ............

ခုနှစ်နေ့ဖွါး ဘုရားရှိခိုးများ

တရားစာအုပ် စာတမ်းများ လွယ်ကူစွာမရနိုင်တဲ့ အဝေးရောက် မိတ်ဆွေ ရွှေမြန်မာများအတွက် ခုနှစ်နေ့ ဘုရားရှိခိုးကို ပူဇော်တင်ဆက်အပ်ပါသည်-

စနေ နေ့ဖွား
တဏှင်္ကရော ရေဝတောစ ၊သုဇာတာ စ ဝိပဿီကော ။သောရီ ဝါရေ အဘိဇာတာ ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။
သောကြာနေ့ဖွား
သုမနော သုမေဓော ဗုဒ္ဓေါ ၊ဖုေဿာဇိနော စ ဂေါတမော ။သုက္ကဝါ ရေ အဘိဇာတာ ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။
ကြာသပတေးနေ့ဖွား
မင်္ဂလော ပဒုမုတ္တရော ၊တိေဿာနာထော စ ကဿပေါ ။ဂုရု ဝါရေ အဘိဇာတာ ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။
ဗုဒ္ဓဟူး နေ့ဖွား

ကောဏ္ဍညော နာရဒေါ သတ္တာ ၊သိဒ္ဓတ္ထော ကောဏာဂမနော ။ဗုဒ္ဓဝါရေ အဘိဇာတာ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။
အင်္ဂါနေ့ဖွား

ဒီပင်္ကရော ပဒုမော စ ၊ဓမ္မဒဿီ ကကုသန္ဓော ။ဘောမဝါရေ အဘိဇာတာ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။

တနင်္လာ နေ့ဖွား

သရဏင်္ကရော နောမာ စ၊အတ္တဒ စ ဝေဿဘူ ။စန္ဒဝါ ရေ အဘိဇာတာ ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။
တနင်္ဂနွေနေ့ဖွား

မေဓင်္ကရော သောဘိတောစ ၊ပိယဒဿီ သိခီ ဇိနော ။ရဝိဝါရေ အဘိဇာတာ ၊တေ နမဿာမိ သာဒရံ ။နဝေနာနေန ကမ္မေန ၊ပေါရာဏကံ ဝိနဿတု။စတုန္နံ ဗုဒ္ဓ တေဇေန ၊သဒါ သုခီ ဘဝန္တုမေ ။

ဒီဘုရားရှိခိုးကို တချို့ကလဲ ကံပွင့်ဂါထာတော်များလို့လဲ ခေါ်ကြပါတယ် ။ နေ့သားအလိုက် မိတ်ဆွေလဲ ပူဇော်ပွါးများနိုင်ပါစေကြောင်း ။

ဓါရဏ ပရိတ်တော်

ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော် ဓါရဏ ပရိတ်တော်ကို ပူဇော်တင်ဆက်လိုက်ပါသည် -
၁။ ဗုဒ္ဓါနံ ဇီဝိတဿန သက္ကာ ကေနစိ အန္တရာယော ကာတုံ၊တထာ မေ ဟောတု။
၂။ အတီသံသေ ဗုဒ္ဓဿ ဘဂဝတောအပ္ပဋိဟတံ ဉာဏံ၊အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတောအပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတောအပ္ပဋိဟတံ ဉာဏံ၊
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿဗုဒ္ဓဿ ဘဂဝတောသဗ္ဗံ ကာယကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံသဗ္ဗံ ဝစီကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံသဗ္ဗံ မနောကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ
၎။ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿဗုဒ္ဓဿ ဘဂဝတောနတ္ထိ ဆန္ဒဿ ဟာနိ၊နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊နတ္ထိ ဝီရိယဿ ဟာနိ၊နတ္ထိ ဝိပဿနာ ဟာနိ၊နတ္ထိ သမာဓိဿ ဟာနိ၊နတ္ထိ ဝိမုတ္တိယာ ဟာနိ၊
၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿဗုဒ္ဓဿ ဘဂဝတောနတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊နတ္ထိ အပ္ဖုဋံ နတ္ထိ ဝေဂါယိတတ္တံ၊နတ္ထိ အဗျာဝဋမနော၊နတ္ထိ အပ်ပဋိ သင်္ခါနုပေက္ခာ။ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိသမန္နာဂတဿဗုဒ္ဓဿ ဘဂဝတောနမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊နတ္ထိ တထာဂတဿ ဝစီ ဒုစ္စရိတံ၊နတ္ထိ တထာဂတဿ မနော ဒုစ္စရိတံ၊နတ္ထိ အတီသံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊နတ္ထိ သဗ္ဗံ ကာယကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံနတ္ထိ သဗ္ဗံ ဝစီကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံနတ္ထိ သဗ္ဗံ မနောကမ္မံဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံဣမံ ဓာရဏံ အမိတံ အသမံ၊သဗ္ဗသတ္တာနံ တာဏံ လေဏံ။သံသာရ ဘယဘီတာနံ အဂ္ဂံ မဟာတေဇံ၊
၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံဓာရေဟိ ဝါစေဟိ ပရိပုစ္ဆာဟိ၊တဿ ကာယေ ဝိသံ န ကေမယ်၊ဥဒေက န လေဂၢယ်၊အဂၢိ န ဍေဟယ်၊နာနာဘယဝိေကာ၊န ဧကာဟာရေကာ၊န ဒြိဟာရေကာ၊န တိဟာရေကာ၊န စတုဟာရေကာ၊န ဥမၼတၱကံ န မူဠှကံမနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
၈။ တံ ဓာရဏ ပရိတ္တံ ယထာ ကတမံ၊ဇာလော မဟာဇာလော၊ဇာလိတ္တေ မဟာဇာလိတ္တေ၊ပုဂ္ဂေ မဟာပုဂ္ဂေ၊သမ္ပတ္တေ မဟာသမ္ပတ္တေ၊ဘူတင်္ဂမှိ တမင်္ဂလံ၊ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ၊သတ္တာ သတ္တတိ၊သမ္မာသမ္ဗုဒ္ဓကောဍီဟိ ဘာသိတ၊ဝတ္တေ အဝတ္တေ၊ဂန္ဓဝေ အဂန္ဓဝေ၊နောမေ အနောမေ၊သေဝေ အသေဝေ၊ကောယေ အကာယေ၊ဓာရဏေ အဓာရဏေ၊ဣလ္လိ မိလ္လိ တိလ္လိ မိလ္လိ၊ယောရုက္ခေ မဟာရောရုက္ခေ၊ဘူတင်္ဂမှိ တမင်္ဂလံ။
၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏ ပရိတ္တံ၊နာဝ နဝုတိယာ၊သမ္မာသမ်ဗုဒ္ဓ ကောဍီဟိ ဘာသိတံ၊ဒိဋ္ဌိလာ ဒဏ္ဍိလာ၊မန္တိလာ ရောဂိလာ၊ခရလာ ဒုဗ္ဘိလာ၊ဧတေန သစ္စဝဇ္ဇေနသောတ္ထိတေ ဟောတု သဗ္ဗဒါ။

မိတ်ဆွေလဲ ရွတ်ဖတ်ပွါးများနိုင်ပါရန် ပူဇော်တင်ပြအပ်ပါသည်။

မဏိဇောတ (ပတ္တမြားရတနာဂါထာတော်)

ဝေပုလ္လာ ရာမ ဆရာတော်(မဟာ သဒ္ဓမ္မ ဇောတိကဓဇပြည်မြို့) ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ ကြွရောက်စဉ်ချီးမြင့်တော်မူသော
မဏိဇောတ (ပတ္တမြားရတနာဂါထာတော်)
၁။ ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိစန္ဒိမာဿန္နဒ္ဓေါ ခတ္ထိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏောအထသဗ္ဗာ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ၊ ဟောတု ဇယ မင်္ဂလံ ။
၂။ ဖုဋ္ဌဿ လောကဓမ္မေဟိစိတ္တံ ယဿ ၊ န ကမ္ပတိအ သောကံ ဝိရဇံ ခေမံ။
၃။ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ - ပိယေဟိ ပိယေဟိ မမပိယေဟိ-သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ -ရာဇ စိတ္တံ ပိယံမှိုင်းမှိုင်း - အမစ္စ ရာဇ စိတ္တံ ပိယံမှိုင်းမှိုင်း - အမစ္စစိတ္တံ ပိယံမှိုင်းမှိုင်း -ဒေဝ စိတ္တံ ပိယံမှိုင်းမှိုင်း - ဒေဝီ စိတ္တံ ပိယံမှိုင်းမှိုင်း -ပုရိသ စိတ္တံ ပိယံမှိုင်းမှိုင်း - ဣတ္ထိ စိတ္တံ ပိယံမှိုင်းမှိုင်း -သဗ္ဗ စိတ္တံ ပိယံမှိုင်းမှိုင်း - သြောင်း ဧဟိ -ဧဟိ - ဗလံခြင်း -သြောင်း ဧဟိ -ဧဟိ - ဗလံကပ် - သြောင်း ဧဟိ -ဧဟိ - ဗလံခြင်းကပ် စေ။
၎။ သဗ္ဗ ဟိတ - မင်္ဂလာနိ - ပုညာဘိ - သိရိသောဘဏီသူရဿတီစ - မေမာတာ၊ နိစ္စံ - ရက္ခန္တု - မံသဒါ ။

ဂါထာတော် တစ်ပုဒ် လျှင် ၂၇ ခေါက်စီဖြင့် ရွတ်ဖတ်သရဇ္ဈယ်ရပါမည်။စုစုပေါင်း ဂါထာတော် ၄ ပုဒ် ဖြစ်၍ အခေါက်ရေပေါင်း ၁၀၈ ခေါက်စေ့အောင် ရွတ်ဖတ်သရဇ္ဈယ် ရပါမည်။ ထို့  ပြင် ထို ဂါထာတော် ၄ ပုဒ် ကို၁၀၈ ခေါက် စေ့အောင် ရွတ်ဖတ်သရဇ္ဈယ် ရာ တွင် တထိုင်ထဲ နှင့် ( ဝါ )ဣတ္ထိယာ ပုတ် တစ်ပါးထဲ နှင့် ပြီးစီးအောင် ရွတ်ဖတ်သရဇ္ဈယ် ရမည် ကိုအထူးသတိပြုပါလေ။
ကဲ မိတ်ဆွေ ပွါးများ ပူဇော်နိုင်ပါစေ ။

ရယ်စရာ(၂)

ကွန်ပြူတာအမေးအဖြေ
သူငယ်ချင်း ၁ ယောက်က အိုင်တီအားနည်းတဲ့ ကျွန်တော်ဖတ်ဖို့တဲ့ အီးမေးလ်ကနေ ကွန်ပြူတာ အမေးအဖြေလေးတွေ ပေးပို့လာပါတယ် ။ ဒါကြောင့် မိတ်ဆွေတို့ကို လက်ဆင့်ကမ်းလိုက်တာပါ -
မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ
မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ
မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီးDecogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်နေပူထဲထားကာအသုံးပြုပါ
မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ဒါမှလေးနေရင်ပါဝါဆပလိုင်း ထပ်ပါဖြုတ်ထားလိုက်ပေါ့ အရမ်းအရမ်းပေါ့သွားမယ် ။
မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာ မြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ ။
ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ချက်ချင်းပိတ်သွားရစေမယ်
မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ
မေး။ ကျွှန်တော့်windowကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ
မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား
မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ။ဖုံးဆက်ပြီးမေးကြည့်ပါ။
မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်
ကဲ သူငယ်ချင်းပို့ပေးတဲ့ ကွန်ပြူတာ အမေး အဖြေလဲ ဘယ်လောက်ကောင်းလဲ ?

ဂျပန်ပြည်က သက်တန့် တံတား

ရိန်းဘိုးတံတား

ဂျပန်နာရီတာလေဆိပ်ကို ရောက်ပြီး တိုကျိုမြို့ထဲကို လာမယ်ဆို မဖြစ်မနေဖြတ်လာရမှာက ရိန်းဘိုးတံတားပါ ။ Tokyo Bay ကိုဖြတ်ပြီးတည်ဆောက်ထားတာပါ ။ အရှည်အားဖြင့် ၅၇၀ မီတာ(1870 ပေ)ရှိပါတယ် ။ ကားလမ်း ၊ ရထားလမ်း ၊ လူသွားလမ်းတို့ပါဝင်ပါတယ် ။လူသွားလမ်းကို နွေရာသီမှာ မနက် ၉နာရီကနေ ည ၉နာရီထိ ၊ ကျန်ရာသီတွေမှာ မနက် ၁၀နာရီက ညနေ ၆ နာရီထိ ဖြတ်သန်းခွင့်ပြုပါတယ်။ ၁၉၉၃ခုနှစ်မှာ အပြည့်အ၀ ပြီးစီးခဲ့တာပါ ။ ကျေးဇူးတင်ပါတယ် .........

















Wednesday, July 15, 2009

ကမာကူရသို့(၁)ခေါက်

ကမာကူရသို့(၁)ခေါက်
ဂျပန်ကိုရောက်ပြီး (၈)လအကြာ မှတ်မှတ်ရရ ပြည်ထောင်စုနေ့ (12-2-2009)ရက်နေ့မှာ အခါအခွင့်သင့်လို့ ဂျပန်နိုင်ငံမှာ ထင်ရှားတဲ့ ကမာကူရဆင်းတုတော်ကြီးကို မိသားစုလိုက် ဖူးမျှော်ခွင့်ကြုံခဲ့ပါတယ် ။ဘုရားသမိုင်းအကျဉ်းကိုလည်းလေ့လာခွင့် ရခဲ့ပါတယ်။သမိုင်းအကျဉ်းကတော့-
ဘုရားကြီး ကို ၁၂၈၃ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပြီး သစ်သားနဲ့ဆောက်လုပ်ခဲ့တာ (၅)နှစ်အကြာမှာ ပြီးစီးခဲ့ကြောင်း ၊ တခါပြန်လည်ပြီး သံနဲ့တည်ထားကိုးကွယ်ကြောင်း ၊ ဥာဏ်တော် (၁၁)မီတာ ၊ အလေးချိန်(၁၂၁)တန်ရှိပါတယ် လို့ ဘုရားသမိုင်းမှာ ဖတ်ရှုလေ့လာခဲ့ရပါတယ် ။ ဂျပန်နိုင်ငံရဲ့တတိယမြောက် ဆင်းတုတော် တို့လည်း မှတ်သားခဲ့ရပါတယ် ။ ထူးခြားတာလေးတွေကတော့
(၁) ဘုရားကြီးအတွင်း မည်သူမဆို ၀င်ကြေးငွေတစ်ဦးလျှင် ဂျပန်ယန်း(၂၀၀)ပေးပြီးမှ
ဝင်ခွင့်ရခြင်း။
( မြန်မာပြည်မှာတော့ ဘုရားဝင်ကြေးရယ်လို့မရှိပါဘူး)။
(၂) ဘုရားကြီးကို ပြတိုက်သဖွယ်သာ သဘောထားကြခြင်း။
(၃) ဘုရားကြီးအတွင်း ဖိနပ်စီးခွင့်ပြုထားခြင်း။
(၄) ဦးခေါင်းတော်အတွင်းအထိ အမျိုးသမီးများပါ ၀င်ရောက်ဖူးမျှော်ခွင့်ရခြင်း။ တို့ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ မြန်မာမိသားစုတွေပဲ ခြေ၊လက်၊နဖူး၊တတောင်၊ဒူး ဆိုတဲ့ ထိခြင်းကြီးငါးပါးနဲ့ ထိုင်ပြီး အားပါးတရ ကန်တော့ကြတာကို အားလုံးက တအံတသြ ၀ိုင်းငေးနေကြတာကိုကြုံခဲ့ရပါတယ်။

တိုကျိုတာဝါ

တိုကျိုတာဝါ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ တိုကျိုတာဝါ ဖြစ်ပါတယ် ။ အမြင့်ပေ ၃၃၃ မီတာ( ၁၀၉၁ ပေ) မြင့်ပြီးတော့ ၊အလေးချိန်အားဖြင့်တန် ၄၀၀၀ ရှိပါတယ် ။၎င်း တိုကျိုတာဝါမှနေပြီးတော့ အသံလွှင့်လိုင်းပေါင်း ၂၄ ခုကိုထုတ်လွှင့်ပေးနေတယ် လို့သိရှိရပါတယ် ။ ၁၉၅၇ ခုနှစ် ၊ဇွန်လမှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၅၈ ခုနှစ် ၊ဒီဇင်ဘာ(၂၃)ရက်နေ့မှာဖွင့်လှစ်နိုင်ခဲ့ပါတယ် ။ကုန်ကျငွေကတော့ ၁၉၅၇ခုနှစ်က ($8.4 million )ရှိတယ်လို့သိရှိရပါတယ် ။ ပိုင်ရှင်တော့ Nihon Denpatō(Nippon Television City Corp) ကပိုင်ဆိုင်တယ်လို့ သိရှိရပါတယ် -


ညအခါမြင်ကွင်းက ပိုလှလို့ ညပိုင်းမြင်ကွင်းလေးတွေကို တင်ဆက်လိုက်ပါတယ် ။
ကျေးဇူးတင်ပါတယ် ခင်ဗျား။


ဂျပန်ပြည်က ဆူရှီဆိုင်လေးများ

ဂျပန်ပြည်က ဆူရှီ ဂျပန်မှာရှိတဲ့ ဆူရှီဆိုင်လေးအတော်များများက သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေးနေရာလေးတွေမို့ အပန်းဖြေရင်းနဲ့လာရောက်စားသောက်ကြတာများပါတယ် ။ စားသောက်ခဲ့ကြပါတယ်၊ ထူးခြားတာက ဆူရှီဆိုင်လေးတွေအားလုံးလိုလိုက ၂၄ နာရီဖွင့်တာပါပဲ ။
ဆူရှီမှာပုဇွန်ဆူရှီ နဲ့ ကြက်ဥဆူရှီ ၊မာဂုရို၊ပုဇွန် နဲ့ မာကီမိုနိုလို့ခေါ်တဲ့ ဆူရှီတွေကိုစားသုံးကြတာများပါတယ် ။


ဂျပန်စကား ကောင်းကောင်းမတတ်တဲ့ နိုင်ငံခြားသားများလဲ ဆိုင်လေးတွေမှာ ၀ယ်စားလို့ အဆင်ပြေပါတယ်။ သူ့ဆိုင်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်လေးတွေ လက်နဲ့ပြလိုက်ယုံပေါ့ ။ ဈေးနှုန်းပါ တစ်ခါတည်းပါတော့ တော်တော်အဆင်ပြေပါတယ် ။
ဆူရှီဆိုင်က ဆူရှီဈေးနှုန်းလေးတွေပါ ၊ ယန်း 750 ၀န်းကျင်ဆိုတော့၊မြန်မာငွေ ၈၀၀၀
ဝန်းကျင်လောက်ရှိပါတယ် -


ဂျပန်ဆူရှိဆိုင်က ဆူရှိဘူးလေးတွေခင်းကျင်းထားတဲ့ပုံလေးတွေပါ-

ဂျပန်ကီမိုနိုလေးများ

ဂျပန်က ကီမိုနိုဝတ်စုံလေးများ

ဂျပန်ရိုးရာဝတ်စုံကတော့ ကီမိုနိုပဲဖြစ်ပါတယ်။ ကီမိုနိုဝတ်စုံမှာ ဒီဇိုင်းအမျိုးမျိုးရှိသလို ၊တန်ဖိုးလဲ အမျိုးမျိုးရှိပါတယ် ။ မြန်မာငွေနဲ့တွက်ရင် သိန်း ၃၀၀ ကျော်တန်လောက်က နေ ကျပ် ၃သောင်းတန် လောက်အထိ အမျိုးအစား အမျိုးမျိုးရှိပါတယ် ။ အခုဆိုလို့ရှိရင် လျှပ်စစ်မြို့တော်လိုနေရာမျိုးမှာရှိတဲ့ Duty Free လျှပ်စစ်ဆိုင်တွေမှာတောင် ကီမိုနိုဝတ်စုံလေးတွေကို နိုင်ငံခြားသားတွေ ဂျပန်ပြန်လက်ဆောင်အဖြစ်ဝယ်နိုင်အောင် ရောင်းချနေတာကိုတွေ့ရပါတယ် ။ ဂျပန်ကီမိုနိုလေးတွေကို လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ် -
ဒါကတော့ ယန်း 289000 ၊ မြန်မာကျပ်နဲ့ဆို သိန်း(၃၀)လောက်တန်တဲ့ ကီမိုနိုဝတ်စုံလေးပါ-
ကီမိုနိုဆိုင်လေးတွေရှေ့က ကြော်ငြာလေးတွေပါ-
ဒါက ယန်း 400000 ၊ မြန်မာကျပ် သိန်း ၄၀လောက်တန်တဲ့ ကီမိုနိုဝမ်းဆက်လေးပါ-







သြော် မြန်မာပြည်က မိတ်ဆွေတွေက ကြုံကြိုက်တိုင်းမှာကျတယ် ၊ ဂျပန်က ပြန်လာရင် ကီမိုနိုလက်ဆောင်ဝယ်ခဲ့ပါတဲ့ ။။ အင်း ................. ရတဲ့ လစာလေးနဲ့ ပေးရမဲ့ မိတ်ဆွေ၊သင်္ဂဟအရေအတွက်နဲ့ တွက်စစ်လိုက်တော့ ................
ကျေးဇူးတင်ပါတယ် ခင်ဗျား။




ထူးထူးဆန်းဆန်းလေး(၂)

ဂျပန်ပြည်က ရထားဝန်ထမ်းကြောင်ကလေး





Japan နိုင်ငံ အနောက်ပိုင်းရှိ Kishi Train Station ရထားဘူတာ အ၀င်ပေါက်မှ နေ.စဉ်ထောင်နဲ. ချီသော ခရီးသွားများ အသွားအလာကို ထိုင်စောင့်နေတဲ့ Tama ခေါ် ကိုးနှစ်အရွယ်ရှိ ကြောင် မလေး ဖြစ်ပါတယ်။ Japan လူမျိုးတွေ အတွက် ကြောင်ဟာ သူတို.ရဲ. စီးပွားရေး အတွက် လာဒ်လာဘ များကို သယ်ဆောင်လာနိုင်တယ်လို. ယူဆကြပါတယ်။

Tama ဟာ နေ.စဉ် အနက်ရောင် ၀န်ထမ်း ဦးထုပ်ဖြင့် pose အမျိုးမျိုး ပေးကာ အားလပ်ချိန်မရှိလောက်အောင် ခရီးသွား နှင့် တွဲ ကာ ဓါတ်ပုံ အရိုက်ခံပါတယ်။ သူမကို လူတွေ ချီလိုက်၊ ကိုင်လိုက် လုပ်ခြင်းကို လုံးဝ ငြီးငြူ ရန်မူခြင်း မပြုပဲ အင်မတန် ယဉ်ကျေးပြီး ၊ စိတ်ရှည်ပါတယ်။

Tama ကြောင့် Kishi Train Line ဟာ ခရီးသွားများဖြင့် စည်ကားလာစေတဲ့အတွက် ဒေသ၀င်ငွေ တိုးပွားစေပြီး သူမကို “Super-station-master” လို.တင်စားကြပါတယ်။ အရင်က Kishi Train Line ကိုစီးနင်းသူ ခရီးသွား အရေအတွက်မှာ တစ်ရက် ကို ၅၀၀၀ ၊ တစ်နှစ် ကို ၁.၉ မီလီယံ လောက်သာရှိခဲ့ရာမှ ယမန်နှစ် Tama ရောက်ရှိလချိန်မှ စ၍့ ခရီးသွားဦးရေ မှာ ၁၀ ရာခိုင်နူန်းထိ မြင့် တက်လာခဲ့ပါတယ်။
အော် ဂျပန်တွေ ဂျပန်တွေ စီးပွါးရှာတာမှာ ကြောင်ကလေးကိုတောင် အလကားမထားကြပါလားနော် ။

ထူးထူးဆန်းဆန်းလေးတွေ(၁)

ဂျပန်ပြည်မှ အသဲပုံ ဖရဲသီး



ဂျပန်တွေက ဖရဲသီးကိုကြိုက်ကြပါတယ် ။ ဖရဲသီးကိုလေးထောင့်ပုံ ၊ တြိဂံ ပုံ တွေဖြစ်အောင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ သော ဂျပန် နိုင်ငံမှ လယ်သမား များဟာ ယခုအခါမှာလဲ အသည်းပုံ ဖရဲသီး တွေကို ပြုလုပ်နိုင်ခဲ့ပြန်ပါပြီ။ အဲဒီ့ အသည်းပုံ ဖရဲသီး တစ်လုံးကို ယန်း ၁၅၇၅၀ (သို.) $160 ရောင်းချပြီး ဂျပန် လယ်သမား လင်မယား Mr and Mrs. Hiroichi Kimura မှ ၃နှစ်ကြာ အသည်းပုံစံ ကောင်းကောင်း ရအောင် စိတ်ရှည်လက်ရှည် တီထွင် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ လောလောဆယ် တွင် အလုံး၂၀ သာ ရောင်းချနိုင်ခဲ့ပြီး နောင် တစ်ကြိမ်မှာ ဒီထက်မက ရောင်းချ နိုင်တော့ မယ်ဆိုတာ သေချာပါတယ်။ တော်တော် ထူးထူးဆန်းဆန်းလုပ်နိုင်ကြတဲ့ ဂျပန်တွေပဲနော် .........။

ရယ်စရာ(၁)

ဂျပန် ဆာမူရိုင်းဓါးသမားများ
စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်းတတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”

တရားအသိမျှဝေခြင်း(၃)

ဘုရားရှင်ဟောကြားတော်မူသည့် မင်္ဂလာသုတ်တော်လာ (၃၈)ဖြာမင်္ဂလာတရားတော်ဖြစ်ပါသည်။ ဝေးရပ်မြေသို့ ရောက်ရှိနေကြသော ရွှေမြန်မာများ အတွက် လေ့လာမှတ်သားနိုင်ရန်အတွက် မျှဝေပေးပါသည်။
(၁) အသေ၀နာစဗာလာနံ -သူမိုက်ကိုမမှီဝဲ မဆည်းကပ်ခြင်းသည်လည်းကောင်း၊
(၂) ပဏ္ဍိတာနဉ္စသေ၀နာ - ပညာရှိကိုမှီဝဲဆည်းကပ်ခြင်းသည်လည်းကောင်း၊
(၃) ပူဇာစပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သောမင်္ဂလာတရားတို့ပေတည်း။
(၄) ပတိရူပဒေသ၀ါသောစ- သင့်တင့်လျောက်ပတ်သောအရပ်ဒေသ၌ နေထိုင်ခြင်းသည်လည်းကောင်း၊
(၅) ဗုဗ္ဗေစကတပုညတာ-ရှေးဘ၀ကပြုခဲ့ဘူးသောကောင်းမှုရှိခြင်းသည်လည်းကောင်း၊
(၆) အတ္တသမ္မာပဏိဓိစ-မိမိကိုယ်နှင့်စိတ်ကိုကောင်းအောင် ထားခြင်းသည်လည်းကောင်း၊ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၇) ဗာဟုသစ္စဉ္စ -အကြားအမြင် ဗဟုသုတရှိခြင်းသည်လည်းကောင်း၊
(၈) သိပ္ပဉ္စ - စက်မှုလက်မှုစသော သိပ္ပံအတတ်ပညာ တတ်မြောက်ခြင်းသည်လည်းကောင်း၊
(၉) သုဘာသိတာစ - ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ၀ိနည်းတရားကိုကောင်းစွာသင်ယူခြင်းသည်လည်းကောင်း ၊
(၁၀) ယာဝါစ - ကောင်းသောစကားကို ပြောဆိုတတ်ခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၁၁)မာတာပိတု ဥပဋ္ဌာနံ - အမိအဖကို လုပ်ကျွေးမွေးမြူခြင်းသည်လည်းကောင်း၊
(၁၂) ပုတ္တဒါရဿသင်္ဂဟော - သားမယားကို ထောက်ပံ့ပေးကမ်းခြင်းသည်လည်းကောင်း၊
(၁၃) အနာကုလာစ ကမ္မန္တာ - မိမိကိုယ်ကို မထိခိုက်သော အလုပ်ကိုလုပ်ခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၁၄) ဒါနဉ္စ - ပေးကမ်းလှူဒါန်းခြင်းသည်လည်းကောင်း၊
(၁၅) ဓမ္မာစရိယာစ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း၊
(၁၆) ညာတကာနဉ်စသင်္ဂဟော - ဆွေမျိုးတို့အား ထောက်ပံ့ပေးကမ်းခြင်းသည်လည်းကောင်း၊
(၁၇) အန၀ဇ္ဇာနိ ကမ္မာနိ - အပြစ်မရှိ အကုသိုလ်ကင်းသော အလုပ်ကိုလုပ်ခြင်းသည်လည်းကောင်း၊ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၁၈) အာရတိပါပါ -မကောင်းမှုဟူသမျှကို ဝေးဝေးရှောင်နိုင်ခြင်းသည်လည်းကောင်း၊
(၁၉) ၀ိရတိပါပါ - မကောင်းမှုဟူသမျှကို မကျုးလွန်အောင် အထူးရှောင်နိုင်ခြင်းသည်လည်းကောင်း၊
(၂၀) မစ်ဇပါနာစ သံယမော - သေရည်၊ သေရက်၊ မှုးယစ်ဆေးဝါးတို့ကို မသောက်စားဖြစ်အောင် ရှောင်ကြည်နိုင်ခြင်းသည်လည်းကောင်း၊
(၂၁) အပ္ပမာဒေါစ ဓမ္မေသု - ကုသိုလ်ကောင်းမှု အလုပ်ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်းသည်လည်ကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
(၂၂) ဂါရဝေါစ - ရိုသေထိုက်သူကို ရိုသေခြင်းသည်လည်းကောင်း၊
(၂၃) နိဝါတောစ - မိမိကိုယ်ကိုယ် မောက်မာမှုမပြုပဲ နှိမ်ချခြင်းသည်လည်ကောင်း၊
(၂၄) သန္တု ဋ္ဌိစ - ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်းသည်လည်ကောင်း၊
(၂၅) ကတညုတာ - သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်းသည်လည်းကောင်း၊
(၂၆) ကာလေန ဓမ္မဿဝနံ - အခါအားလျော်စွာ တရားနာခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း၊
(၂၇) ခန္တီစ - သည်းခံခြင်းသည်လည်းကောင်း၊
(၂၈) သောဝစဿတာ - သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်းသည်လည်းကောင်း၊
(၂၉) သမဏာနဉ္စ ဒဿနံ - သူတော်ရဟန်း၊ ပုဏ္ဏားတို့အား ဖူးမျှော်ရခြင်းသည်လည်းကောင်း၊
(၃၀) ကာလေနဓမ္မသာ ကစ္ဆာ - အခါအားလျော်စွာ တရားဆွေးနွေးခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ -ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။(၃၁) တပေါစ - ခြိုးခြံစွာကျင့်ခြင်းသည်လည်းကောင်း၊
(၃၂) ဗြဟ္မစရိယဉ္စ - မြတ်သောအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း၊
(၃၃) အရိယ သစ္စာန ဒဿနံ -အရိယသစ္စာတရားကို သိမြင်ရခြင်းသည်လည်းကောင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာ -နိဗ္ဗာန်ချမ်းသာကို မျက်မှေက်ပြုနိုင်ခြင်းသည်လည်းကောင်း၊
ဖုဋ္ဌဿ လောကဓမ္မေဟိ - လောကဓံတရား(၈)ပါးတို့နှင့် ကြုံကြုက်ရသော ရဟန္တာသူ့မြတ်တို့၏စိတ်သည်
(၃၅) စိတံယဿနကမ္မတိ - မတုန်လှုပ်ခြင်းသည်လည်းကောင်း၊
(၃၆) အာသောက - စိုးရိမ်မှုမရှိခြင်းသည်လည်းကောင်း၊
(၃၇) ၀ိရဇံ - ရမ္မက်ကင်းခြင်းသည်လည်းကောင်း၊
(၃၈) ခေမံ -ဘေးရန်မရှိခြင်းသည်လည်းကောင်း၊
ဧတံမင်္ဂလ မုတ္တမံ - ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်း။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့သော မင်္ဂလာတရားနှင့်အညီ ကျင့်သုံးနိုင်သောသူများ ဖြစ်ပါစေ ဆုမွန်လျှက် ...........

တရားအသိမျှဝေခြင်း(၂)

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ
ရေချမ်းသစ်သီး ၊ ပန်းဆီမီးကိုခိုင်ဖြီးသဒ္ဓါ ၊
လှူပြီးကာမျှငါ့မှာကောင်းကျိုး ၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ ၊ မရောင့်ရဲနှင့်။
မစဲညနေ့ ၊ ဘုရားရှေ့တွင်ပျော်မွေ့မြတ်နိုး ၊
မြဲရှိခိုး၍ကောင်းကြိုးပွားစည် ၊
ကြီးလှပြီဟုယုံကြည်အားရ ၊ စိတ်မချနှင့်။
ဓါရဏနှင့် ၊ ဓမ္မစင်္ကြာမေတ္တာပဋ္ဌာန်း ၊
ရွတ်နိုင်စွမ်းကြောင့်ရွှင်လန်းပီတိ ၊
ဂွမ်းဆီထိကာကြီးမည့်တေဇော် ၊
မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး ၊ သက်စေ့ပြီးအောင်ဇွဲကြီးခိုင်မာ ၊
ငြိမ်သက်စွာဖြင့်သဒ္ဓါကြည်ယုံ ၊
စိပ်ပြီးရုံဖြင့်လုံလောက်လှပြီ ၊
မရပ်တည်နှင့်။
ရေကြည်၊ သစ်သီး ၊ ဆီမီး၊ လှူမျိုးရှိခိုးဝတ်ရွတ် ၊
စေလွှတ်မေတ္တာတစ်ရာ့ရှစ်သီး ၊
စိပ်ပုတီးကိုမငြီးဆင့်ကဲ ၊
စိပ်မြဲစိပ်ပါမဖြတ်ပါနှင့်။
ဆက်ကာတမျိုး ၊ ရှေ့သို့တိုး၍အကျိုးနိဗ္ဗာန် ၊
မျှော်ရိုးမှန်က ရုပ်နာမ်ခွဲခြား ၊
ကျင့်တရားသာသံသရာဝဋ် ၊
လွတ်ထွက်စေကြောင်းလမ်းမှန်ကောင်းဟု ၊
ညွတ်ပြောင်းစိတ်ထဲယုံကြည်စွဲလျက်
၊ အမြဲညနေ့ဝိပဿနာ ၊
ဘာဝနာကိုခိုင်မာဆန္ဒ ၊
ကြိုးလုံ့လမှဗုဒ္ဓခေတ်မြတ် ၊ တွေ့ကြိုးနပ်မည်ကြပ်ကြပ်သတိရှိပါစေ။ ။
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၏ ရဟန်းဘာ့ကြောင့်ပြုရတယ်စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

တရားအသိ မျှဝေပေးခြင်း(၁)

တရားအသိမျှဝေပေးခြင်း
လေ့လာမိသမျှ တရားတော်များထဲက ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဉာဏိသရ ဟောကြားတော်မူသော အာနပါနသတိပဌာန်တရားထဲမှ တရားအသိမျှဝေပေးပါရစေ ။
အာနာပါနဿတိသည် ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။ အာနာပါနသည် ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်းထားသော ကာယကို အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
( က) မှတ်နည်းမှာ
(၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
(၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံး သိအောင်လုပ်တဲ့နည်း။
(၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။
(ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။
(ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပရမည်။ ထွက်လေ ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေက ကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။ ၄င်းကြောင့် ဖြစ်တဲ့စိတ်က ကြမ်းပါသည်။
နီဝရဏဆိုသည်မှာ-
(၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
(၂) အလိုမကျတဲ့စိတ်
(၃) ငိုက်မျဉ်းတာ
(၄) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
(၅) မဆုံးဖြတ်နိုင်တဲ့စိတ်
(ဃ)နီဝရဏ ကင်း၍ စိတ်တွေသိမ်မွေ့သွားတဲ့အခါ ၀င်လေထွက်လေသည် နူးညံ့လာပါသည်။ သိပ်ပြီး သိမ်မွေ့လာရင် ထွက်လေ၀င်လေ ရှိမှရှိသေးလားလို့ ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်-
(၁) အမိဝမ်းထဲက ကလေး
(၂) သေသွားတဲ့ပုဂ္ဂိုလ်
(၃) သေခါနီးမိန်းမျောနေတဲ့သူ
(၄) စတုထ္တဈာန်ဝင်စားနေသူ
(၅) နိရောဓသမာပတ်ဝင်စားသူ
(၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)
(င) ၀ီရိယစိုက်ပြီးရှုလျှင် သိမ်မွေ့နေသော ၀င်လေထွက်လေကို တွေ့လာလိမ့်မည်။ စိတ်တွေကြည်လာတတ်သည်။ အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ်လာမည်။ ပေါ်လာကစတွင် ၀င်လေထွက်လေက သတ်သတ် နမိတ်က သတ်သတ် ဖြစ်နေတတ်သည်။ ယင်းသို့ နမိတ်ပေါ်လာလျှင် စိတ်ကပေါ်လာသော နိမိတ်ပေါ်ရောက်သွားတတ်သည်။ နမိတ်ကိုဆက်ရှုရမည်။ နမိတ် ပျောက်သွားလျှင် ဘာဝနာစိတ်ကို ၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာ နှာခေါင်းထဲက လှုပ်ရှားနေသော မီးခိုးတန်းလို၊ ဖြူဖြူဖွေးဖွေး ၀ါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။ လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည် အထိ အာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။ နမိတ် ၃ မျိုးမှာ- (၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
(၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
(၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။
(၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
(၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
(၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
( ၄) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကိုအောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
(၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊ သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။
-ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့် ရူပ်ကိုရှုရင် ကယာနုပဿနာ။
- ပီတိ၊ သုခ ဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကို သိနေသော စိတ်ကိုရှုရင် စိတ္တာနုပဿနာ။
-ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူးဆိုသည့် အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်က သမ္မသနဉာဏ်ရဲ့ အစဖြစ်ပါသည်။
ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိ ခံစားမှု ဝေဒနာသည် စေတသိတ်၊ ချမ်းသာမှုကို သိနေသည့် စိတ်သည် ၀ိဉာဏ်၊ ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြား သိလာခဲ့သောဉာဏ်ကို နာမရူပပဋိစ္ဆေဒဉာဏ်။ သက္ကာယဒိဌိ ကင်းသွားပါပြီ။ ထိုနာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။ဤသို့အကြောင်းအကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဓမ္မာနုပဿနာသတိပဌာန်နှင့် ၀ိပဿနာရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ ၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဖြစ်လာတာတွေ့လျှင် ဥစ္ဆေဒဒိဌိပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိ ပြုတ်ပါသည်။ ဖြစ်ခြင်းနှင့် ပျက်ခြင်းတွင် ပျက်ခြင်းက ကြောက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ် ပါသည်။ ၀ါယောရုပ်ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်လုံးကိုဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာ ဆိုသည့် သံဝေဂဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။ ထိုပျောက်ပျက်နေသော ခန္ဓာက အားကိုးစရာမဟုတ်ဟု သိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ်လာစေပါသည်။ ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေရတာကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။ သို့သော် ရေနစ်မှာကြောက်၍ ခွေးသေကောင် ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသော ဥပက္ခာဝေဒနာ ဖြစ်နေပါပြီ။ ၄င်းဉာဏ်ကို သင်္ခါရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။ ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက်၍ အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်က သင်္ခတ အာရုံကို မယူတော့ပဲ အသင်္ခတကို မျော်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက် ချုပ်ပျာက်ခဲ့ပုံ ပယ်ပြီးကိလေသများကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။ အာနာပါနသတိပဌာန်သည် သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။
အသိလွယ်ပြီး အကျင့်ခက်သော တရားတော်များဖြစ်ပါသည် ။ မိတ်ဆွေလည်း ကျင့်သုံးနိုင်ပါစေ ဆုမွန်လျှက်-

ဂျပန်ပြည်ကို စတင်ရောက်ရှိခြင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊နာရီတာလေဆိပ်ကို စတင်ရောက်ခဲ့တုန်းကပါ


မကွေးတိုင်း၊ အောင်လံမြို့မှာ မွေးဖွားခဲ့တဲ့ အညာသားလေး ကျွန်တော် ယောင်ချာချာနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ ကို ၂၉-၆-၂၀၀8 ရက်နေ့ ၊ တနင်္ဂနွေ နံနက် ဂျပန်ဒေသစံတော်ချိန် ၈နာရီ ၅မိနစ်မှာရောက်ရှိခဲ့ပါတယ် ။ အပူပိုင်းဒေသကလာခဲ့ရပြီး ဒီရောက်တော့လဲ မိုးတွေရွာနေတော့ အေးစိမ့်စိမ့်နဲ့ပေါ့ ။ နောင်တော်ကြီး (၂)ပါး ကားနဲ့ လေဆိပ်ကိုလာကြိုပါတယ် ။အော် ဂျပန် ဂျပန် လာဖို့ကြိုစားခဲ့ရတာ ............ ။

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရွှေပြည်စိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည် ။

ရွှေဧည့်သည်